Unicode Version
တိတ်ဆိတ်ငြိမ်သက်နေသည့် ရွာ အလယ်တွင် ဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်း နေသည်နှင့် အားလုံးတိတ်ဆိတ် နေတယ် ဆိုတာမ ဖြစ်နိုင်. အကြောင်းပြချက်တခုရှိသည်။ ကျော်စွာ သူတို့နဲ့မပါလာသည့် အမှန်တရားပင်။ ဘယ်အချိန်က ဘယ်လိုကျန်ခဲ့သည်ကို မသိလိုက်မိသည့် ကျန်ရစ်သူ စုစုပေါင်း ၈ယောက်၊ ထိုအထဲ တွင် ခေါင်းဲဏ်ရာရထားသော ကောင်းမော် မပါဝင်ပါ။
ကောင်းမောင်ကို မိုးရိပ်ဆေးထည့်ထားပေးပြီး အိပ်ပျော်နေဆဲမို့ ရွာက လူတွေပြောသော စကားကိုသာ နားထောင်နေရသည်။ ကားမှောက်သည့် အကြောင်းအရင်းအမှန်ကို ကောင်းမော် တယောက်သာ သိနိုင်တော့သည်။ ထိုထက် ရှင်းပြချက်တခုက သူကြီးဉီးသက်ကျော် ပြောပြသော“ဒီရွာက ကျိန်စာသင့်နေတာ ဒီကွင်းပြင်ကြီးအလွန်ကို ဘယ်သူမှ မထွက်ရဲဘူး။ တစ်လမှာ တခါတော့ထွက်လို့ရယ် အဲဒီနေ့က လဆုတ်၈နေ့ပဲ၊ လဆုတ်၈ရက်နေ့ကို ညမရောက်ခင် ကန့်သတ်နယ်မြေထဲက ထွက်နိုင်ရင် မထွက်နိုင်ရင် အဲဒီလူကို ဘယ်နေရာမှ ရှာတွေ့မှာ မဟုတ်ဘူး”
ရွှေရုပ် တို့ အားလုံးငြိမ်နေသည်။ သူကြီးက အသက်အရမ်းကြီးသေးတဲ့သူ မဟုတ်သည့်အတွက် သူမတို့ကိုသေချာရှင်းပြပေး သည်။
“အားလုံး မရောက်ချင်ဘဲ ရောက်လာတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်၊ အခုလိုအဖြစ်မျိုးက လွန်ခဲ့တဲ့ ၁၀ နှစ်က တကြိမ် ဖြစ်ခဲ့ဖူးတယ်။ ကားမှောက်ပြီး ရောက်လာကြတာပဲ၊ ကျွန်တော်ပြောတာကိုနားထောင် တဲ့ သူရှိသလို နားမထောင်တဲ့သူလဲ ရှိတယ်၊ ပျောက်ဆုံးသွားတဲ့သူတွေလဲရှိသလို အခုထိ ဒီရွာမှာပဲ အခြေချလိုက်ကြတာရှိတယ်။ အဲဒီကန့်သတ်နယ်မြေ အကြောင်းကို သိတဲ့သူတွေရှိတယ်။မသိတဲ့သူတွေရှိတယ်”
ရွာရဲ့ ရပ်မိရပ်ဖ များလဲရှိနေတာကြောင့်
“ရွာနာမည်က ပင်လွန် လို့ခေါ်တယ်၊ ပဲခူးရိုးမတောထဲမှာ လူမသိတဲ့ရွာပေါ့။ ရွာကိုစတင်တည်ထောင်ခဲ့စဉ်က ဒီနေရာမှာ အဖိုးကြီးတယောက်ပဲနေထိုင်တယ်။ အခုလို ဒုက္ခသည်တွေ စုပြီးနေရင်းက ရွာဖြစ်လာတာ၊ အစားအသောက် အတွက်က ချိုင့်ဝှမ်းထဲမှာ ရေရှိတယ် မြေရှိတယ်၊ အသားငါးအတွက် ကြက်ဝက် မွေးတယ်။ သူ့နေရာလေးနဲ့ သူတော့ အသားကျနေတာပဲ၊ အခုလို ပြင်ပက လူတွေရောက်လာရင်တော့ နည်းနည်းကယက်ရိုက်သည်။
ESTÁS LEYENDO
အလင်းတန်း (Light for you) CHAPTER (1) GL (Z+Uni)
Espiritualကံကြမ္မာအဆိုးအကောင်းထက် ကျိန်စာ တခုက ပိုအသက်ဝင်တယ် 💘 သူမကို ပိုင်ဆိုင်နိုင်ရမယ် ( အလ်ခါ -ညို့ရစ်တမ်း) ဂေးတွေကိုအမုန်းဆုံးပဲ (ရွှေရုပ်-ဆူးယံပန်း) နှစ်ဘဝဖူးစာ ပါ။ အလ်ခါ -ရွှေရုပ် နဲ့ ညို့ရစ်တမ်း-ဆူးယံပန်း။ Note; Not included Character Episode. Own c...