အခန်း ၅၆ အပိုင်း ၁
"လီချင်ကျစ်! ရှင် ဒီကို ထွက်လာခဲ့!" ဟွေ့ကျင့်က သူမအမေ နန်းတော်ထဲသို့ ဝင်သွားကြောင်း သိလိုက်ပြီးနောက် ရူးသွပ်သွားခဲ့သည်။ သူမက ခြံရှေ့ဘက်ရှိ စာဖတ်ခန်းဆီသို့ အမြန်ပြေးသွားခဲ့သည်။
စာဖတ်ခန်းကို လက်ထောက်ဝန်ကြီးလီက အမြဲတမ်း အသုံးပြုခဲ့သည်။ လီချင်ကျစ်က အကြီးဆုံးမင်းသမီးနှင့် ဟွေ့ကျင့်တို့ကို တကယ်ပင် စက်ဆုပ်နေခဲ့ပြီး အရာအားလုံးကို ရှောင်ရှားရန်အတွက် ထိုနေရာတွင် သွားနေခဲ့သည်။ သူ့အဖေကလည်း သူ့ကို မတားခဲ့ပေ။
ဟွေ့ကျင့်က တံခါးဆီသို့ ပြေးဝင်လာချိန်တွင် သူ အိပ်ပျော်နေခဲ့ခြင်းဖြစ်သည်။ တံခါးခေါက်သံကြားလို့ သူထကြည့်လိုက်ပေမယ့် သူ သူမကို ဂရုမစိုက်ချင်တော့ပေ။
အပြင်မှ အသံက ရပ်တန့်မသွားဘဲ ပို၍ အရေးတကြီး ဖြစ်လာသည်။ တံခါးခေါက်သံတိုင်းက သူ့နဖူးကို ခေါက်နေသလို ခံစားရပြီး သူ့ရင်ဘတ်များ တဆတ်ဆတ်တုန်လာသည်။
လီချင်ကျစ်က ကုတင်ပေါ်ကနေ ချက်ချင်း ထထိုင်လိုက်သည်။ ထိုနောက် သူက ဒေါသကို မထိန်းနိုင်တော့ဘဲ ဒေါသတကြီးနဲ့ တံခါးကို သွားဖွင့်လိုက်သည်။
ချောမောသော လူငယ်လေးက တံခါးဝတွင် ရုတ်တရက် ပေါ်လာပြီး သူ့မျက်နှာက မိုးရွာသောနေ့တွင် တိမ်ညိုများဖုံးလွှမ်းနေကဲ့သို့ ဖြစ်နေသည်။
ဟွေ့ကျင့်ကလည်း တံခါးဖွင့်လိုက်သည်ကို မြင်သောအခါ ခဏမျှ အေးခဲသွားသည်။ ရုတ်တရက် စကားမပြောနိုင်ဘဲ သူမ ပြောချင်သောအရာများက သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့သည်။
"ငါက ငါတို့ရဲ့စတုတ္ထအဆင့်မင်းသမီးအတွက် ဘာများလုပ်ပေးရမလဲ" သူက စူးစူးဝါးဝါး ပြုံးပြလိုက်ပြီး သူ့မိန်းမကိုခေါ်ကာ သူမကို ရွဲ့စောင်းကြည့်နေသည်။
"ဘာကို ဆိုလိုတာလဲ" ဟွေ့ကျင့်က လှောင်ပြောင်ခံရခြင်းကြောင့် သတိပြန်ဝင်လာသည်။ သူမ တုံ့ပြန်ရန် ပါးစပ်ကိုဖွင့်လိုက်သည်နှင့် လီချင်ကျစ်က ထပ်မံ၍ ပြုံးကာ ဘာကိုမှ ဂရုမစိုက်ဘဲ ရက်စက်ကြမ်းကြုတ်စွာ ပြောလိုက်သည်၊ " ဘာလဲ၊ အဲ့ဒိ ချောမောလှပတဲ့ အနုပညာရှင်တွေက မင်းကို မကျေနပ်စေဘူးလား၊ မင်း ပြန်လာပြီးတာနဲ့ ငါ့တံခါးကို လာခေါက်နေတယ်၊ ဒါပေမယ့် ငါက အဲဒီဖျော်ဖြေသူတွေထဲက တစ်ယောက်မဟုတ်တာ စိတ်မကောင်းစရာပဲ။ ပိုင်ရှင်ရဲ့အနံ့က ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ငါက ငွေကိုပဲ လက်ခံတဲ့လူမျိုး မဟုတ်ဘူး"
YOU ARE READING
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Historical FictionMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...