평화로운 마음,
당신이 있어야만 완성됩니다. 🌻💛...
ဧည့်ခန်းတွင် ထားထားသော ဆိုဖာစတီခုံသုံးခုံပေါ်တွင် ၊ ကိုယ်စီထိုင်နေကြသော လူသုံးဦးရှိခဲ့၏ ။ ထိုလူသုံးဦး၏ မျက်နှာများမှာတော့ တစ်ယောက်တစ်မျိုးစီနှင့် သုန်မှုန်နေကြသည် ။
"အီဂျောင်ဟျွန်း ... သည်ကနေ့တက်လာတဲ့ သတင်းတွေကို မင်းမြင်လား ။"
ထိုမေးခွန်းကြောင့် ဝိုင်ခွက်အား စက်ဝိုင်းသဏ္ဌာန်လှည့်ကာဖြင့် ဆော့ကစားနေသော ဂျောင်ဟျွန်းမှာ ထိုအမေးအားမေးသော ဖခင်ဖြစ်သူထံသို့ လှည့်ကြည့်ခဲ့လေ၏ ။
"ကျွန်တော် ... မြင်သားပဲ ။"
"မြင်ရက်နဲ့ ရှေ့ဆက်တိုးချင်တာလား ၊ ရှင်က ။"
ဖခင်နှင့်ဇနီးဖြစ်သူ၏ အတိုင်အဖောက်ညီစွာ ပြောလာသော စကားများကြောင့် ဂျောင်ဟျွန်း ခပ်ဟဟသာလျှင် ရယ်မိသည် ။
"နှစ်ယောက်သားက အတိုင်အဖောက် ညီကြသားပဲနော် ။ ဘာလို့လဲ ... ကျွန်တော့်လုပ်ရက်က တော်တော်လေးကို အရှက်ရစေလို့လား ၊ မဟုတ်ရင် ... အဖေတို့ ကြိုးဆွဲရာကနေတဲ့ ကျွန်တော်က ရုတ်တရက် ထဖောက်လာလို့လား ၊ မဟုတ်သေးရင် အဖေတို့နှစ်ယောက်ရဲ့အကြောင်းတွေကို အကုန်သိသွားကြမှာဆိုးလို့လား ။"
"အီဂျောင်ဟျွန်း !"
ဖခင်၏ ဒေါသသံကြီးသည် တစ်အိမ်လုံးသို့ ပျံ့နှံ့သွားလျက်ရှိသောကြောင့် ဂျောင်ဟျွန်းတစ်ယောက် သဘောကျစွာပင် အော်ရယ်မိသွားခဲ့၏ ။
"အို ... ကျွန်တော်ကတော့ သဘောကျလွန်းလို့ ၊ ကျွန်တော့် ကောင်လေးနဲ့ ဆက်တွဲနေဦးမှာပဲ ။ သိထားနော် ... အီဂျောင်ဟျွန်းက အရင်ကလို ခပ်အေးအေး ၊ ခပ်နုံနုံလေး မဟုတ်တော့ဘူးဆိုတာကိုလေ ။ ထိန်းချုပ်ချင်ရင်လည်း ကိုယ်ထိန်းချုပ်ချင်တဲ့သူရဲ့ခံစားချက်ကို ကြည့်သင့်တယ်လို့ ထင်တယ်ဗျ ။"
ဂျောင်ဟျွန်းမှာတော့ ကိုင်ထားလက်စဝိုင်ခွက်လေးအား ချခဲ့ကာ ထိုအိမ်အတွင်းမှသာ ထွက်လာခဲ့လိုက်တော့သည် ။ အနောက်တွင် ဖြစ်ဖျက်ကျန်နေခဲ့မည့် လူနှစ်ဦး၏ မျက်နှာများအားလည်း သူမမြင်ချင်တော့ပေ ။
YOU ARE READING
blue | jeonghyeon x ricky
FanficI want you, I'll be blue ... Anything it takes to make you stay ... Only seeing myself ... When I'm looking up at you 🫧 Based on Troye Sivan's BLUE. • Jeonghyeon x Ricky • Start Date : 27.5.2023 End Date :