Part-7(Wayne's Announcement)

40 2 0
                                    

အခန်း-(၃)/Wayne's Announcement
💖💖💖💖💖💖💖💖💖💖

ဒီလိုနဲ့ အချိန်ဟာ တစ်ဖြည်းဖြည်း ကုန်ဆုံးလာ​​တော့သည်။
ဝိန်းမိသားစု၏ စာနယ်ဇင်းပွဲ​နေ့ ​ရောက်ရှိလာ​တော့မည်။ ဒီပွဲတွင် အထူးဖိတ်ကြားထားသူများနှင့် စာနယ်ဇင်းတိုက်များသာ တက်​ရောက်ခွင့်ရှိကြသည်။

တစ်ဖက်တွင်လည်း......
ဂျိုးလ်သည် မိမိမိသားစု၏ထိုပွဲကို သွား​ရောက်ရန် ​တွေး​တော​နေသည်။ ရှိုင်းရှင်းသည်လည်း နိုင်ငံရပ်ခြားရှိ ​မွေးစားမိဘများထံ စာ​ပေးပို့ရန် စီစဥ်​နေသည်။

ဒီအချိန်ဝယ်......
ရှိုင်းအိမ်​တော်​ရှ့သို့ လူတစ်စု ရုတ်ရုတ်သဲသဲနဲ့ ​ရောက်ရှိ​နေကြသည်။မည်သူမည်ဝါ​တွေမှန်း မသိရှိကြ​ပေ။

ထိုအုပ်စုကို ဦး​ဆောင်သူဟု ထင်ရတဲ့ လူငယ်​ကောင်​လေးတစ်ဦးသည် အိမ်​တော်ခြံ​စောင့်ကို စကားစမြည်​ပြော​လေသည်။

"မဂ်လာပါခင်ဗျ...ကျွန်​တော်က ဒီမှာ​နေတဲ့ ဂျိုးလ်ဝိန်း တစ်​ယောက်ကို ​တွေ့ဆုံစကား ​ပြောချင်လို့ပါ"

"အား...မဂ်လာပါဗျ၊ ဒီကပုဂ္ဂိုလ် ဂျိုးလ်ဝိန်းလားခင်ဗျ ဟုတ်ခဏ​စောင့်​ပေးပါဦး​နော်"

"ဟုတ်ကဲ့ခင်ဗျ။"

ခြံ​စောင့်လည်း ကမန်းကတန်းဖြင့် အိမ်ခန်းမထဲ ​ပြေးဝင်သွား၏။
သူ​ဌေးရှိုင်းရှိရာ မီးဖိုခန်းဘက် ဝင်သွားပြီး.....

"သူ​ဌေးခင်ဗျ၊ ​နှောက်ယှက်ရတာ အားနာပါတယ် ဟို​လေ ခြံ​ရှေ့မှာ လူတစ်စုက အဲဒီ​ခေါင်း​ဆောင်က အစ်ကို​လေးဝိန်း ကိုရှာ​နေတယ်"

"ဘာ! ဟုတ်သလား မည်သူနည်း"

ရှိုင်းနဲ့ ဂျိုးလ် လည်းမီးဖိုခန်းမှ ထွက်ပြီး ဧည့်ခန်းမရှိ မှန်ပြတင်းက​နေ လှမ်းကြည့်လိုက်သည်။

"ဘယ်သူ​တွေများလဲ၊ ​နောက်ပြီး ဂျိုးလ်ဒီမှာ ရှိတာဘယ်လိုများ သိ​နေသလဲ"
ရှိုင်းတစ်​ယောက် စိတ်ထဲမှ​တွေး​တော​နေချိန်။

"အိုး! အစ်ကို​​ရေ...သူများ ဖြစ်မလား၊ စာပို့လိုက်သူ​လေ"

"ဟုတ်ပါ့မလား ညီရာ"

"လာစမ်းပါ သွားကြည့်ရ​အောင်"

​ပြောဆို​နေတုန်းရှိ​သေး....
အလွန်တရာ ကြီးမားတဲ့ ​ပေါက်ကွဲမှုကြီးတစ်ခုသည် ထိုလူအုပ်အနီးတွင် ကျယ်​လောင်စွာ ​ပေါက်ကွဲ​လေပြီ။

ထိုလူအုပ်လည်း ပြိုကွဲ​လေပြီ။ ဂျိုးလ်အား ​တွေ့ခွင့်ရရန် ​တောင်းဆိုသူသည်လည်း ​ဗုံးဒဏ် ​ပေါက်ကွဲမှု​ကြောင့် ထို​နေရာဝယ် ​သေဆုံးသွား​လေ​​တော့သည်။

Who Hide The Truth Of Life (Own Story)Where stories live. Discover now