အချွဲလေး

1.2K 26 0
                                    

အခန်း(၁)

ပြတင်းပေါက်ကနေတစ်ဆင့် လေအေးတွေကအလုအယက် မျက်နှာပေါ်ဖြတ်တိုက်နေပေမဲ့ မထချင်သေးတာကြောင့် ဂွမ်းစောင်ကို မျက်နှာပေါ်အုပ်ထားလိုက်သည်။ စောင်ထဲသို့ လက်တစ်စုံတိုးဝင်လာပေမဲ့ မသိချင်ယောင်ဆောင်နေမိသည်။ ထို့နောက် ဘေးတစ်စောင်းအိပ်နေသည့် သူ့ဇာတ်ကျောသို့ အေးစက်စက်လက်တစ်စုံက ...

"အား....ပါး၊ ပါး လက်ကအရမ်းအေးတာကို "

အေးစက်စက်လက်တို့က ပါးပြင်နှစ်ဖက်ကို ဆွဲညစ်ရင်း နှစ်လိုဖွယ် အပြုံးနှင့် ကျွန်တော့်ကို နိုးတတ်သည့် ပါး။ မျက်မှန်ဝိုင်းဝိုင်းအောက်က မျက်ဝန်းတို့မှာ ပြုံးရယ်လိုက်တိုင်း ပျောက်သွားတတ်သည်။

"ကဲ ထတော့ ပါး သားကိုပြောစရာရှိလို့ "

"ကျောင်းနဲ့ပက်သက်ပြီးတော့ ပြောမှာမလား၊ ညကပါးနဲ့မားပြောတာကို သား နားစွန်နားဖျားကြားမိတယ်"
"အင်း သားနဲ့ အဆင်ပြေတယ်လို့ ပါးထင်တယ် ရော့ သားဘာသာဖောင်ဖြည့်ထား ပြီးရင် နွားနို့နဲ့ ပဲပြုပ်နံပြား ထွက်စားဦး သားကြိုက်တယ်မဟုတ်လား"

"ဟုတ်ပါး ဒီဖောင်ဖြည့်ပြီးတာနဲ့ ထွက်လာခဲ့မယ်"

ကျွန်တော့်ခေါင်းကို ဖွပြီး ပါးအခန်းထဲက ထွက်တော့ ကုတင်ဘေးရှိခုံပေါ်တွင် ဘောပင်ကိုလှမ်းယူကာ ဖောင် ထဲက အချက်အလက်များ ဖြည့်နေလိုက်သည်။

"ရှင်ကိုက အစားရွေးတယ် ညနေကျရင် ဈေးဝင်ဝယ်ခဲ့ချည် ရှင်နဲ့ ရှင့်သားကြီး ကြိုက်တာတွေပဲဝယ်မလာနဲ့နော်"

"ဒီတစ်ခါ ကိုယ်ကမေကြီးစားချင်တာတွေပဲဝယ်လာမှာပါ "

ထမင်းစားခန်းထဲတွင် တီတီတာတာပြောနေကြသည့် ပါးနဲ့မားကိုကြည့်ရင် ကျွန်တော်အလိုလိုနေရင်း ကြည်နူးနေမိသည်။ ကျွန်တော်တို့ မိသားစုက ချမ်းသာသည့် အသိုင်းအဝိုင်းကမဟုတ်ပေမဲ့ တစ်ထပ်တိုက် အပြင် ဈေးအတင့်အသင့်ရှိသည့်ကားတစ်စီးပိုင်ဆိုင်ထားသည်။ ပါး၊ မား ၊ကျွန်တော်နှင့် ၅နှစ်အရွယ်ရှိသည့် ကျွန်တော့်ညီ။ အေးချမ်းပြီး လူတိုင်းအားကျကြသည့် စံပြမိသားစုတစ်စုအဖြစ်ပတ်ဝန်းကျင်က သတ်မှတ်ထားသည်။

အချွဲလေး [Completed]Where stories live. Discover now