#အချွဲလေး
"အခန်း-၁ အဖွဲ့ မနေ့က မင်းတို့ဆရာသင်ထားပေးတဲ့ ရူပဗေဒ chapter-2 ကျက်စာပိုင်း လာဆို"
ညပိုင်း guideချိန်မို့ စာသင်ခန်းထဲ ဝင်ဝင်ချင်း တန်းခေါ်ခံရတာမို့ ၆ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြောင်ကြည့်နေမိသည်။ တနင်္လာနေ့ကနေ စနေနေ့ မနက် ၈နာရီမှ ညနေ၅နာရီအထိက ပုံမှန်ကျောင်းဖွင့်ချိန်ကဲ့သို့ စာသင်ရပြီး ည၇နာရီမှ ၈နာရီခွဲအထိက ဆရာထိုက် ကိုယ်တိုင် guideဝင်သည့်အချိန်။သင်ခန်းစာဟောင်းများကို ပြန်မေး၊ ပြန်လေ့ကျင့်ပေးသည့်အချိန်ဆိုလည်းမမှား...
"ဘာကြောင်ကြည့်နေကြတာလဲ မြန်မြန်လာဆိုကြလေ"
ဆရာလှမ်းငှောက်လိုက်သောကြောင့် ကျွန်တော်တို့ ၆ယောက်သား ဆရာထိုက်မေးသည့် အပုဒ်တိုင်းပြိုင်တူဆိုနေရသည်။ ဘာကြောင့်ရုတ်တရက်စာမေးခံရသည်ကိုသေချာနားမလည်ပေမဲ့ မေးသည့်စာတိုင်း ရနေသည်မို့ သက်သာသည်။
"အခန်း-၁အဖွဲ့ အိမ်စာပြီးပြီလား လာပြ "
"အခန်း-၁အဖွဲ့ ရှေ့ထွက်ပြီး တစ်ယောက်တစ်ပုဒ်လာတွက်ပြ"
"အခန်း-၁အဖွဲ့ ထမင်းစားလို့မပြီးနိုင်သေးဘူးလား"
"အခန်း-၁အဖွဲ့ ဆရာသင်ပေးတာနားလည်လား နားလည်ရင် ထ! ဖတ်ပြ"
"ခုတလော ဆရာထိုက်က ငါတို့အခန်း-၁အဖွဲ့ကိုပဲ တမင်တကာကြီးစာတွေဇွတ်မေးနေတယ်"
ည၈နာရီခွဲ guideချိန်ပြီး အခန်းထဲရောက်သည်နှင့် အခန်းဖော်တစ်ယောက်က မနေနိုင်စွာ ထပြောတော့
"ဟုတ်တယ် ငါတို့ကြီးပဲ သက်သက်မဲ့ အလုပ်ခံရသလိုပဲ"
"ကံကောင်းလို့ စာတွေလိုက်လုပ်နိုင်တာ၊ ငါတို့သာလိုက်မနိုင်ရင် ရှယ်တီးခံရမှာသေချာတယ်"
"ဘာလို့ ငါတို့အခန်း-၁ကိုပဲ အဲ့လိုလုပ်နေရတာလဲ မသိဘူး"
အခန်းဖော်များ၏ တစ်ယောက်တစ်ခွန်းမေးသံ၊ ပြောဆိုသံများကြောင့် ကုတင်ပေါ်တစ်ချိန်လုံးတိတ်နေသည့် ကျွန်တော်မနေသာတော့ပေ။
"ငါနဲ့ စကားပြောပြီးကတည်းကပဲ"
"ဟမ်း ဘယ်လို "
KAMU SEDANG MEMBACA
အချွဲလေး [Completed]
Romansaဒီficက အဆောင်နေကျောင်းသူဘဝနဲ့ အာသာ စိတ်ကူးပုံဖော်ထားတာတွေ ရောထားတာမလို့ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ရအဆင်ပြေလောက်တဲ့ ficမျိုးပါ