# Unicode #
"ဒုန်း!"
"အာ့~..."
"ခွမ်းးး"
"သွားပါပြီ...ငါ့ရဲ့..ရေမွှေးပုလင်းလေး...ဟင့်!...ဒီမှာ...ခင်ဗျား ဘယ်လို လျှောက်လာတာ လဲ...လူတစ်ယောက်လုံးတောင် မမြင်ဘူးလား..."
သူ..နဲ့...ဆမ်..mall..ထဲမှာ လျှောက်ကြည့်နေတုန်း..သူ့ကို ဝင်တိုက်တဲ့ ကောင်လေး...သူနဲ့ တိုက်မိတာကြောင့်...ကောင်လေး လက်ထဲက ရေမွှေးပုလင်းလေးက..ကျကွဲသွား..သဖြင့်...ထိုကောင်လေးက..သူ့ကို စွာနေသည်။
ကောင်လေးနေရာမှာ တခြားသူဆို...အသက်ပျောက်သွားနိုင်ပေမဲ့...ကောင်လေးကတော့...ခြွင်းချက်ပင်....
တကယ်ပါ...သူ့ကို ရန်တွေ့နေတဲ့ ပုံစံလေးက..အရမ်းကို ပစ်ကြွေချင်စရာ...အသည်းပုံနှုတ်ခမ်းထူထူအိအိလေးက စူထော်လျက်...မျက်မှောင်ကြီး ကုပ်ကာ ပြောနေတာတောင်..အလှမပျက်တဲ့ ကောင်လေးကြောင့်...ဟောဒီကောင်ကြီးက...ရှင်လျက်နဲ့ အသက်ထွက်သွားသလို....
"ရားးးးဒီမှာ...ကျွန်တော်ပြောနေတယ်လေ...မတ်တပ်ရပ်ကြီးသေသွားတာလား....ရူးနေတာလား...ဖယ်ဗျာ...."
ကောင်လေးက သူ့ကို တွန်းတိုက်ပြီး...ထွက်သွားတာတောင်..နေရာမှ တောင့်တောင့်ကြီးကျန်ခဲ့တာက....သူ....
"Boss..... Boss.... Bossssss"
ဆမ်လည်း...စွာနေတဲ့ ကောင်လေးကိုပြုံးပြုံးကြီး ကြည့်ပြီး..ထွက်သွားတာတောင် အငေးလွန်နေတဲ့ သူ့ဘောစ့်ကို အသိဝင်ဖို့ အနားကပ် ခေါ်သော်လည်း...ငေးကောင်းတုန်းမို့ နားနားကပ်ကာ အကျယ်ကြီးအော်လိုက်တော့...မေတ္တာပို့သံလေးထွက်လာ၏။
"ချီးတဲ့မှဘဲ....ဘာလို့ အကျယ်ကြီးအော်ရတာလဲ...မင်းပထွေးနားမကန်းသေးဘူး...."
"Boss..ကိုခေါ်နေဝာာ ကြာပြီ...ကြားမှ မကြားတာ...မျက်လုံးကြီးလည်းကျွတ်ပြီး...ကောင်လေးနောက်လည်းပါသွားပါအုံးမယ်..."
"အဟမ်း...လျှာမရှည်နဲ့...ငါက မင်း .. boss...ငါ ခုနက အလှလေး..အကြောင်း...နှစ်ရက်အတွင်းသိချင်တယ်...စုံစမ်းပေး...သွားမယ်...."
ပြောချင်တာပြောပြီး...ထွက်သွားတဲ့ သူရဲ့ ဖင်လုံးလုံးကို ပြေးချချင်တာသာ သိတယ်....နှစ်ရက်အတွင်း...တစ်ခါဘဲ မြင်ဘူးတဲ့ သူအကြောင်းသိအောင် ဘယ်လိုလုပ်ရမှာလဲ....boss..ကတကယ်ပါ....လိုချင်ရင်ဇွတ်....ဘာတဲ့ အလှလေးတဲ့...ငါအာရုံတွေရနေတယ်...boss..လိုလူက ဇွတ်ကို top..ဖြစ်ချင်နေတာ....top...ဖြစ်မှာပါ...အပေါ်မှာဘဲနေရမှာပါ....အဟင်း......အဟင်း....