Unicode Version
ကျော်ဇော၊ ခေတ်ဦးနှင့် ဇွဲမြတ် တို့ သုံးဉီး၊ရွာသူကြီးနှင့် တခြားရွာသားသုံးလေးဉီးတို့ ယမနေ့က သူတို့ လာခဲ့သည့်လမ်းအတိုင်း ပြန်လာကာ ပျောက်ဆုံးနေသူ ကျော်စွာကိုလိုက်ရှာသည်။ သူကြီးကပြောသည်၊ တောထဲမှာပျောက်ဆုံးသွား တဲ့သူတိုင်း ပြန်လာနိုင်တဲ့သူမရှိဘူးဆိုတာ။၊ သိုသော် အခွင့်အရေးရှိနေချိန်လေး လက်မလျော့ ချင်တာလဲပါမည်။
မနက်ခင်း သူကြီးကိုသွားပြောပြီး သူတို့တွေ ထွက်လာခဲ့ခြင်းပင်, မနေ့က မိုးကြီးထား၍ ခြေရာလက်ရာ ပျက်သော နေရာ ဆိုသည်မှာ အင်မတန်ရှာရခက်သည်။ သို့သော် ကားပျက်နေရာကိုပြန်ရောက်သည် အထိ တော့ ခေတ်ဦးတို့က ကျိန်ူသေ လမ်းကို မှတ်မိမှာ အမှန်ပင်။ ထို့ကြောင့် ဇွဲမြတ်ဦီးဆောင်သော လမ်း အတိုင်း လျောက်လာရင်းမှ တနေရာ အရောက်တွင် ညီစို့စို့ အနံက လှိုင်နေပြီး တဆက်ထဲ ပုတ်နံ့ပါရရှိနေသည့် အတွက်ကြောင့် အားလုံးရပ်တန့်သွားသည်။
ခြုံတွေပေါ်တွင် ကျီးကန်းများ နားနေပြီး တခုခုသေထားသည့် အသွင်ရှိသည့် မြေနေရာမို့ ဝန်းကျင်ကို ကိုယ့်အတွေးနှင့်ကိုယ် လျောက်ကြည့်နေသည်၊“လူစုမကွဲစေနဲ့”
အပင်မြင့် ကျွန်းပင်များကြောင့်ကောင်းကင်ပင် မမြင်ရအောင် ပြည့်သိပ်နေသည်။ နွယ်ပင်များက ထိုကျွန်းပင် များကို ရစ်ပါတ်ထားသည်။ အသားစလိုလို ဘာလိုလိာ သွေးစလိုလို၊ များက သူတို့တွေရှိနေရာ တဝိုက်တွင် ပျံ့ကျဲနေသည်။ အဝတ်စတော့ မတွေ့ရပေ။
သူကြီးက
“ကြာကြာနေလို့မကောင်းဘူး ရှေ့ဆက်ရအောင်”
အရင်နေ့ကသွားထားသည့်လမ်းကြောင်းအတိုင်း ထပ်မံ၍ ခရီးဆက်ခဲ့ချိန်မှာတော့ ချောက်ထဲထိုးကျထားသည့်ကားက အရင် အတိုင်း ဘေးသို့ လဲနေသည်။ ထိုနေရာတွင်တော့ လေထုက လက်ဆက်နေသည်၊ ကျော်ဇောက ကားမောင်းဒရိုက်ဘာ သူရရှိရာသို့ ပြေးကြည့်ချိန်မှာတော့ နောက်သို့အမြန် ခုန်ဆုတ်မိသည်။
“ဘာဖြစ်တာလဲ”
ခေတ်ဦး လဲ သူ့ဘေးကို ရောက်လာသည်။ မြင်လိုက်၇သည့် မြင်ကွင်းကြောင့် အတော်လေးကို ထိတ်လန့်သွားသည့်အတွက် တယောက်နဲံ တယောက်ကြည့်မိသည်။ လူငယ်သဘာဝ သဘာဝလွန်ကိစ္စတွေကိုမယုံကြည် မှုတွေက ရှိနိုင်သလို အခုလို မျက်မျင်ကိုယ်တွေ့က၊
ESTÁS LEYENDO
အလင်းတန်း (Light for you) CHAPTER (1) GL (Z+Uni)
Espiritualကံကြမ္မာအဆိုးအကောင်းထက် ကျိန်စာ တခုက ပိုအသက်ဝင်တယ် 💘 သူမကို ပိုင်ဆိုင်နိုင်ရမယ် ( အလ်ခါ -ညို့ရစ်တမ်း) ဂေးတွေကိုအမုန်းဆုံးပဲ (ရွှေရုပ်-ဆူးယံပန်း) နှစ်ဘဝဖူးစာ ပါ။ အလ်ခါ -ရွှေရုပ် နဲ့ ညို့ရစ်တမ်း-ဆူးယံပန်း။ Note; Not included Character Episode. Own c...