"ငါအရင်ပြန်တော့မယ်နော် ဟိုးမှာတွေ့လား? ငါ့အကိုဆိုင်ကယ်နဲ့လာကြိုတာ"
"အေးပါ ဝနကျော် အိမ်ရောက်ရင် ငါ့အကောင့်လိုက်ရှာပြီး addနော်"
"အေး တာ့တာ သူငယ်ချင်း "
"ငါ့ကိုလည်း လာကြိုနေပြီ"
"ငါ့အဖေလည်း လာပြီး"
တစ်ယောက်ပြီးတစ်ယောက် အိမ်ကလူကြီးများလာကြို၍ ပြန်ကြသော်လည်း အဆောင်တွင် ကျွန်တော်နှင့် ဝေလွင်သာကျန်ပါတော့သည်။
"လေသွေး ငါပြန်ရင်မင်းတစ်ယောက်တည်းပဲကျန်ခဲ့မှာနော် နင့်အေဖလာတဲ့အထိ ဝိုင်းစောင့်ပေးရမှာလား?"
"ရတယ် မင်းအရင်ပြန်နှင့် ငါတို့အခန်းသော့မင်းသိမ်းထားတယ်မလား အဆောင်ပြန်ဖွင့်တဲ့နေ့ မင်းအစောဆုံး လာရမှာနော် "
"အေးပါကွာ အဲ့ဆိုငါသွားတော့မယ် တစ်ယောက်တည်းလည်းဖြစ်တယ်မလား "
"အေးပါဆို စိတ်မပူနဲ့ ငါအိမ်ပြန်ရောက်ရင် ဖုန်းဆက်လိုက်မယ်"
"ပြီးရော စိတ်ချမယ်နော်"
ဝေလွင်က ကျွန်တော့်ကိုစိတ်မချနိုင်ဖြစ်နေပေမဲ့ သူ့အဖေကားထဲကစောင့်နေသည်မို့ ပြန်လိုက်သွားရပါတော့သည်။ ခုချိန် အဆောင်ထဲ တိတ်ဆိတ်ငြိမ်သက်လွန်းနေသည်။ကျွန်တော်တစ်ယောက်တည်းကျန်နေခဲ့သည်မဟုတ်ပါလား။
"ပါး ဘာလို့မလာသေးတာလဲ နေတောင်ဝင်တော့မယ်"
"တစ်ယောက်တည်းညည်းမနေနဲ့ ၊ မင်းအဖေ ခုနကဖုန်းဆက်လာတယ် အရေးကြီး ကိစ္စရှိလို့ မင်းကိုလာမကြိုနိုင်တော့ဘူး"
အဆောင်တွင်ဖုန်းယူလာခွင့် ဖုန်းသုံးခွင့်မရှိတာမို့ အရေးအကြောင်းရှိလျှင် ဆရာ့ဖုန်းဖြင့်သာ ဆက်သွယ်ရလေ့ရှိသည်။
ထမင်းစားခန်းထဲ ထိုင်စောင့်နေရင်းဆရာက ဘေးတွင်ဝင်ထိုင်ကာ ပြောလာသောကြောင့်"ကျွန်တော့်အခန်းသော့က ဝေလွင်သိမ်းလိုက်ပြီ"
" ဆရာ့အခန်းထဲ တညအိပ်လို့ရတာပဲ ပိတ်ရက်ဆရာဒီမှာပဲနေမှာမို့လို့"
"ဪ...ဟုတ်"
"ဆရာအပြင်မှာချိန်းထားတာရှိလို့ သွားဦးမယ် ညစာဝယ်လာခဲ့မယ် မင်းရေစောစောချိုးပြီး ဆရာ့အခန်းထဲ စာလုပ်စရာရှိတာလုပ်ထား"
CITEȘTI
အချွဲလေး [Completed]
Dragosteဒီficက အဆောင်နေကျောင်းသူဘဝနဲ့ အာသာ စိတ်ကူးပုံဖော်ထားတာတွေ ရောထားတာမလို့ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ရအဆင်ပြေလောက်တဲ့ ficမျိုးပါ