မိုးဖွဲဖွဲလေးကျနေတဲ့အချိန် ဂျောင်ဂုစက်ဘီးကိုထုတ်ကာ ဂျင်နီးတို့အိမ်ဘက်သွားရန်ပြင်လိုက်သည်။ဂျင်နီး..အင်းး ဂျင်နီးကသူရဲ့ငယ်သူငယ်ချင်းလေးပေါ့။စာလည်းအရမ်းတော်သလို အရွယ်နဲ့မလိုက်အောင် လှသွေးကြွယ်လွန်းတဲ့ အမျိုးသားလေးဖြစ်သည်။ထိုအမျိုးသားလေးကလေ အနားမှာရှိနေတတ်တဲ့အရာတွေကို မမြင်နိုင်တဲ့အနီးမှုန်လေးဖြစ်သည်။
လမ်းတစ်လျှောက်တိုက်ခတ်လာတဲ့လေတွေထဲမှာ သူရဲ့အတွေးတွေလွင့်ပါသွားရင်ကောင်းမည်။သူရဲ့ဂျင်နီးကို စွဲလမ်းပြီးကပ်တွယ်နေတဲ့စိတ်ကလေးတွေပေါ့။မိုးအုံ့နေတဲ့ကာလတွေဆို ဂျင်နီးက အိမ်ထဲကအိမ်ပြင်မထွက်ပဲ စာအုပ်တွေဖတ်နေတက်သည်။သူကအဲ့အချိန်တွေဆို ဂျင်နီးရဲ့အဖော်ကောင်းလေးသာဖြစ်သည်။
ဂျင်နီးကို သူဘယ်လိုပြောထွက်ရက်ပါ့မလဲ...ဂျင်နီးနဲ့သူရဲ့သူငယ်ချင်းဆက်ဆံရေးကို တဆင့်တက်သင့်ပြီးဆိုတာပေါ့။ဒါပေမဲ့ ဒီစကားလုံးတွေကို သူဘယ်လိုပြောထွက်အောင်လုပ်ရပါ့မလဲ..ဘာလို့ဆို ဂျင်နီးဟာ သူရဲ့တန်ဖိုးအထားရဆုံး သူငယ်ချင်းဖြစ်နေလိူ့ပဲ။
"ဂျင်နီး~"
"ဂျောင်ဂုကီးးးလာလေ..ဒီမှာ ဆူယောင်းလည်းရောက်နေတာ"
ဆူယောင်းကို သူကြည့်မရပါ။ဆူယောင်းက ဂျင်နီးရဲ့ရည်းစားဖြစ်နေလို့ပဲ။ထိုမိန်းကလေးနဲ့သာ ဂျင်နီးပြတ်သွားရင် သူဟာဂျင်နီးရဲ့ ရည်းစားတစ်ယောက်အနေနဲ့ ဘေးနားမှာနေနိုင်မည်။ဒါပေမဲ့ သူ ဂျင်နီးကို ဘယ်လိုမှပြောထွက်လို့မရပေ။ဂျင်နီးဟာ သူရဲ့ဘဝမှာအဖိုးတန်ဆုံးသူငယ်ချင်းဖြစ်နေလို့...သူ့အတွက် အခုချိန်ထိခက်ခဲနေတာဖြစ်သည်။စကားလုံးလေး ၂လုံးကို သူဟာပြောမထွက်ခဲ့ပေ။
"ဆူယောင်းက ဘယ်အချိန်ထဲကရောက်နေတာလဲ"
"၂နာရီလောက်ရှိပြီး အစ်ကိုဂျောင်ဂုရဲ့"
"ဒါဆိုပြန်သင့်ပြီးလေ"
"ရှင်!"
"ဂျောင်ဂုကီးက စတာပါ ဆူယောင်းရဲ့~စိတ်ထဲမထားနဲ့။
ဆူယောင်းလည်း ပြန်မယ့်အချိန်ရောက်ပြီးလို့ ကိုကိုထင်တယ်"