651 - 655

316 28 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 651 )  အသက်ကိုလောင်းကြေးထပ်၍

"နင်ဘာတွေပျော်နေတာလဲ၊ မင်းရဲ့ သိုလှောင်လက်စွပ်က ငါ့အတွက်ပဲ"

ထိုစဉ် အေးစက်စက် စကားသံတစ်ချက် ထွက်ပေါ်လာသည်။

ထို့နောက် အဆင့်ခုနစ်သိုင်းဘုရင် အရှိန်အဝါများနှင့် အဘွားကြီးတစ်ယောက် ခုန်ဝင်လာခဲ့၏။

"ဒါက ပန်းပွင့်နီဖွားဖွားပဲ၊ သူလှုပ်ရှားတော့မယ်။ သူက အဆင့်ခုနစ်သိုင်းဘုရင်ပြိုင်ပွဲမှာ ငါးပွဲဆက်တိုက် အနိုင်ရထားတဲ့ ငကြမ်းတစ်ယောက်ပဲ"

"အမှန်ပဲ၊ သူက ကြီးမားတဲ့ ရိတ်သမ်းမှုတွေဖြစ်မှ အမြဲလှုပ်ရှားတာ။ အခုလည်း ဒီကတုံးအဖိုးကြီးက သိုလှောင်လက်စွပ်တစ်ကွင်းရထားပြီ၊ သူ့ရဲ့ ကိုယ်ပိုင်ကွင်းနဲ့ဆိုရင် နှစ်ကွင်းပဲ။ ပြောရရင် ကတုံးအဖိုးကို သတ်နိုင်တာနဲ့ သူက သိုလှောင်လက်စွပ်နှစ်ကွင်းရမှာ"

"ဒါက ကတုံးအဖိုးကြီး စိန်ခေါ်မှုကို လက်ခံမလားဆိုတာအပေါ် မူတည်သေးတယ်။ ပန်းပွင့်နီဖွားဖွားနဲ့ ရင်ဆိုင်တဲ့သူတိုင်းကတော့ အဆုံးသတ် မကောင်းလှဘူး"

အဖွားကြီး ကွင်းထဲဝင်လာသည်နှင့် အံ့အားသင့်နေသော စကားသံများ ထွက်ပေါ်လာသည်။

"ပန်းပွင့်နီ‌ဖွားဖွား"

တိုက်ပွဲစင်မြင့်တွင် ကတုံးအဖိုးကြီး မျက်နှာအမူအရာ သိသိသာသာပြောင်းသွား၏။

"သေ"

ပန်းပွင့်နီဖွားဖွားထံမှ သတ်ဖြတ်ချင်စိတ်များ ဖြာထွက်လာကာ တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။

"ခဏ.…  ခဏ လေး၊ ငါအရှုံးပေးပါတယ်၊ ငါမတိုက်ခိုက်ဘူး"

အဘိုးအိုက ခပ်မြန်မြန် အော်လိုက်သည်။

"မတိုက်ခိုက်ဘူးလား"

ပန်းပွင့်နီဖွားဖွား၏ မျက်နှာက မကျေမချမ်းအမူအရာ ဖြစ်ပေါ်လာကာ ပြောလိုက်သည်။

" ဒါဆိုရင် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးနှစ်သိန်းကို လွှဲပေးလိုက်၊ စိတ်ပျက်စရာပဲ"

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Donde viven las historias. Descúbrelo ahora