666 - 670

323 31 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 666 )  စက်ဆုပ်စရာ အေးခဲဓားဝိညာဉ်

"သေစမ်း"
တိုက်ပွဲအတွင်းသို့ လုမင်ဝင်ရောက်လာသောအခါ  ကျားငါးမန်း အနည်းငယ်တုန်လှုပ်သွားပြီး ဟိန်းဟောက်လိုက်သည်။

"စီနီယာ၊ ဒီကျားငါးမန်းကို အတူတူသတ်မယ်"
လုမင်က လှံချက်ထုတ်ဖော်လိုက်သည်။ ထိုအခါ မီတာတစ်ထောင်ရှည်သော လှံအလင်းတစ်ခုက ကျားငါးမန်းထံ တိုးဝင်သွား၏။

"ဟားဟားဟား၊ ဒီသားရဲကို သတ်စို့"
အပြာရောင်ဝတ် လူကြီးမျက်လုံးတွင် ကြမ်းကြုတ်သောအလင်းများ တောက်ပလာသည်။ ၎င်းက လက်တစ်ဖဝါးထက်ပိုထူသော ဓားကြီးတစ်လက်ဖြင့် ကောင်းကင်ကိုပင် ခွဲခြမ်းနိုင်လောက်သော ဓားချက်များကို ထုတ်ဖော်တော့သည်။

လုမင်နှင့် အပြာရောင်ဝတ်လူကြီးက ပူးပေါင်းတိုက်ခိုက်သောအခါ ကျားငါးမန်း အပြီးပြတ်ဖိနှိပ်ခံလိုက်ရသည်။

'နဝမနဂါးခြေလှမ်း'
လုမင်က ခြေလေးလှမ်း ဆင့်လှမ်းလိုက်သောအခါ ရှေးဟောင်းတောင်တန်းကြီးကဲ့သို့ ဖိအားများထွက်ပေါ်လာသည်။ ထိုအခါ ကျားငါးမန်းခန္ဓာက တုန်ခါပြီး အောက်သို့ ပြုတ်ကျသွား၏။ ထိုအချိန်တွင် ဓားအလင်းတစ်ခုက ကျားငါးမန်းထံသို့ ထပ်မံ တိုးဝင်လာပြ‌န်တော့သည်။ ဓားအလင်းက ဆယ်မီတာကျော်ရှည်သော ငါးမန်းဆူးတောင်ကို ဖြတ်တောက်သွားသည်။

ကျားငါးမန်း နာကျင်စွာ ဟိန်းဟောက်လိုက်၏။ ထို့နောက်တော့ သူဟာ မတိုက်ခိုက်ဝံ့တော့ဘဲ ထွက်ပြေးနိုင်ရန် ကြိုးစားတော့သည်။

"မင်းမမလွတ်နိုင်ဘူး"
လုမင်က နဝမနဂါးခြေလှမ်းကိုသုံးကာ လျင်မြန်စွာဖြင့် ကျားငါးမန်းအတွက် ဆုတ်လမ်းကို ပိတ်ဆို့လိုက်သည်။ ထို့နောက် လက်သီးချက်များအား ဆက်တိုက်ထုတ်ဖော်လိုက်၏။ ကျားငါးမန်းကိုယ်တွင် ဒဏ်ရာဒဏ်ချက်များ ဆက်တိုက်ဖြစ်ပေါ်လာတော့သည်။ ယင်းက ဒဏ်ရာကြီးများမဟုတ်သည့်တိုင် ကျားငါးမန်းကို အနည်းနှင့်အများ ထိခိုက်စေနိုင်သည်။

သူ့ဒဏ်ရာများကို ရည်ရွယ်ကာထုတ်ဖော်သော လက်သီးချက်များ ထုတ်ဖော်သောကြောင့်လည်း ပို၍ အခြေအနေဆိုးစေခဲ့၏။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Donde viven las historias. Descúbrelo ahora