Part - 1

1.1K 73 8
                                    

Unicode

" ပတ်ဆောင်းဟွန်း!!!! "

ပခုံးပေါ်ကိုကျရောက်လျက်ရှိသော မိုးရေစက်တွေကြောင့်အဖြူရောင်အကျီပါးဟာ ဆောင်းဟွန်းခန္ဓာကိုယ်တစ်ခုလုံးကိုမဖုံးကွယ်ထားနိုင်ရှာ..။ ခုံတန်းငယ်လေးမှာ ထိုင်ရခြင်းကိုဆောင်းဟွန်းကနှစ်သက်တယ်..။ အထူးသဖြင့်စာအုပ်လေးတွေဖတ်ရင်းအချိန်ကုန်ရတာကိုနှစ်ခြိုက်သည်..။

ညနေမစောင်းခင်ထိအလင်းရောင်ကောင်းစွာပေးနေသောနေလုံးပူပူကြီးက တိမ်မည်းတွေအုပ်ကွယ်ကာ တမဟုတ်ချင်းမှာမိုးစက်တွေအဖြစ်ရွာချလာသည်..။ စာအုပ်ပေါ်ကိုကျဆင်းလာတဲ့ရေစက်လေးတွေများလာတာနဲ့အမျှဆောင်းဟွန်းရဲ့ခေါင်းပေါ်က ဆံစတွေမှာလဲရေတွေကပ်ညှိလျက်ရှိသည်..။ ရေနူးနေတဲ့စာအုပ်လေးမပြဲအောင်တော့ ဆောင်းဟွန်းလက်ချောင်းရှည်တွေကဖွဖွလေးကိုင်လို့ထားသည်..။

မိုးခြိမ်းသံကြားတိုင်း ဆောင်းဟွန်းမျက်ဝန်းလေးတွေမှိတ်သွားတတ်တယ်..။ မျက်ခုံးနက်နက်လေးတွေကိုဖိကြုတ်လို့..။ ခရမ်းပုပ်ရောင်လက်သည်းခွံလေးတွေက ခုံတန်းကိုကုတ်ခြစ်ရင်း..။ အံတုနိုင်လောက်တဲ့ခန္ဓာကိုယ်မဟုတ်သော်လည်း ဆောင်းဟွန်းက မိုက်ရူးရဲတယ်ပြောပါစေ ကျိတ်မှိတ်လို့ခေါင်းမာပစ်လိုက်သည်..။

" မိုးရွာနေတယ်လေကွာ...ကျစ်..."

ခေါ်သံရယ် စုတ်သတ်သံနှင့်အတူ ဆောင်းဟွန်းပခုံးထက်မှာထွေးထားသော လက်ဖျံတစ်ခုဟာ အေးစက်နေသော ခန္ဓာကိုယ်နှင့်မဆိုင်စွာနွေးထွေးလျက်ရှိသည်...။ ရေနူးနေတဲ့စာအုပ်လေးကိုကောက်ယူကာ တဆက်တည်းမှာ လက်မောင်းအားခပ်တင်းတင်းဆုပ်ကိုင်ကာပင့်မြှောက်မှုကိုခံရသည်..။

" မောင်..."

ဒူးခေါင်းအောက်မှတဆင့် ပွေ့ခံလိုက်ရပီးတဲ့နောက် ဆောင်းဟွန်းခေါင်းက သူ့ရဲ့လည်ပင်းကြားတွင်တိုးဝှေ့လျက်ရှိသည်..။ ခေါ်သံတိုးတိုးလေးနှင့်အတူ နှာဖျားလေးကလည်တိုင်ကိုကျီစယ်တော့ ကျောကိုသိုင်းကာပွေ့ပိုက်ထားသော လက်တွေကတင်းခနဲ..။ အထိမခံနိုင်ပုံများ..ဆောင်းဟွန်းကခိုးခိုးခစ်ခစ်ကိုရယ်ပစ်မိတဲ့ထိ...။

You've reached the end of published parts.

⏰ Last updated: Jun 09, 2023 ⏰

Add this story to your Library to get notified about new parts!

𝙳𝚘𝚠𝚗 𝚝𝚘 𝚢𝚘𝚞 // 젴성Where stories live. Discover now