Uni
"ဝုန်း!!!!"
"ဘယ်လိုလဲကျောင်းသားသစ်လေးဆိုတော့ ငါတို့ကဘာလဲဆိုတာ ပြရတာပေါ့"
ကျောင်းနောက်ဘက်သံတံခါးကြောင့် ကျွန်တော့်ကျောကုန်း အတော်နာသွားသည်။
မျက်နှာဆီရွယ်လာတဲ့လက်သီးချက်ကို ကျွန်တော်ရှောင်လိုက်ပီး ထိုကောင်ရဲ့ အလယ်ပိုင်းတည့်တည့်ကို အားအပြည့်နဲ့ကန်ချလိုက်သည်။ ဘေးနားကနှစ်ကောင်ရဲ့ ရွယ်ထားတဲ့လက်ကို ဖမ်းကိုင်ပီး လွှဲပစ်ကာ ခေါင်းနှစ်လုံးကို တေ့ကာတိုက်ပေးလိုက်တော့သည်။ အတော်ေတာ့ခံစားရမှာ..ဒီ၃ယောက်နဲ့ဆက်ပြီးတိုက်ခိုက်နေမယ်ဆို ကျွန်တော့်အတွက် ဆေးခန်းရောက်နိုင်သည့်အနေအထားမို့ တစ်ချိုးတည်းပြေးရတော့မည်။
ကျောင်းဆင်းချိန်ကျော်ေနပြီမို့ ကျောင်းမှာဘယ်သူမျှမရှိတော့။ ကျောင်းဝန်းထဲက တတ်နိုင်သမျှေဝးေအာင်ပြေးလာခဲ့သည်။ နှစ်ဝက်မှကျောင်းပြောင်းလာရင် ဒီလိုအနိုင်ကျင့်ခံရမယ်ဆိုတာတော့ တွက်ချက်ပြီးသားပါ။ ဒါပေမယ့် မပြောင်းလို့မဖြစ်တဲ့အခြေအနေမို့သာ..
ခြေတောက်ပေါက်ရာပြေးရင်း လူအနည်းငယ်စည်တဲ့ ပန်းခြံနားရောက်တော့ အရှိန်လျော့လိုက်ကာ ခုံတန်းတစ်ခုမှာဝင်ထိုင်လိုက်သည်။ လက်ကနာရီကိုကြည့်လိုက်တော့ ညနေ၄နာရီ ၄၈မိနစ် အိမ်ကိုမပြန်ချင်။ ၁၇နှစ်ရှိပြီဖြစ်တဲ့မိမိဘဝမှာ ၃နှစ်လောက်က ခုလိုပြေးနေရတာဆိုတော့ နေသားကျနေပြီ။ လူတွေက ဘာလို့ ကျွန်တော့်ရဲ့ လိင်စိတ်ခံယူမှုကို လက်မခံနိုင်ကြတာလဲ။ ဟုတ်ပါသည်။ ကျွန်တော်ကgayတစ်ယောက်ပါ။ ၁၅နှစ်အရွယ်လောက်ကတည်းက ကျွန်တော့်ရဲ့ လိင်စိတ်ခံယူမှုက ဘာလဲဆိုတာ သိခဲ့သည်။ အဲ့ဒါကြောင့်ဘဲ ပြောင်းတဲ့ကျောင်းတိုင်းက လမ်းသရဲအုပ်စုတွေရဲ့ အနိုင်ကျင့်မှုကိုခံရသည်။ အခုကျောင်းမှာတော့ ဒီကိစ္စကိုမသိကြသေး။
"ပြေးရတာမောရောပေါ့~"
နောက်ကျောဘက်ကကြားရတဲ့အသံကြောင့် ကျွန်တော်လှည့်ကြည့်မိသည်။ ကောင်လေးတစ်ယောက် ဘယ်သူမှန်း ကျွန်တော်မသိ၍ကြောင်ကြည့်နေတုန်း ကောင်လေးက အအေးဘူးတစ်ဗူးဖောက်ကာ ကျွန်တော့်လက်ထဲထည့်ပေးပြီး ကျွန်တော့်ဘေးတွင်ဝင်ထိုင်သည်။ အခုချိန်ထိ ကျွန်တော်ကြောင်ပြီးကြည့်နေမိတုန်း။
YOU ARE READING
ONE SIDE