Part 5.2

382 45 2
                                    

Unicode Version

မနက် ဖန် လပြည့် မည်ဟု သိထားသည်။ ထို့ကြောင့် သူမတို့ နောက်ထပ် တပတ်ကျော်ကျော် ဆိုရင် ပြန်နိုင်တော့မှာ။ လပြည့် တော့ မည့် အခြေအနေကနေ လဆုတ် သွားဖို့ ရန် မျှော်လင့် နေသော ကြောင့် ။

"ရွှေရုပ်"

သူကြီးအိမ်အပြင်ဘက်မှာ ရပ်ရင်း လမင်းကြီးကို ငေးကြည့်နေသူ ရွှေရုပ် ။ခေါ်သံ ရှိရာ ကို လှည့်ကြည့်သည်။

ကျော်ဇောပင်။ လက်ထဲမှာ နှင်းဆီပန်း အနက်ရောင် တပွင့် ကိုင်ထားသည်။ ရွှေရုပ်က မျက်မှောင်ကုတ်ပြီး

"နင့်လက်ထဲက ဘာကြီးလဲ"

ဆိုတော့ ကျော်ဇောက နှင်းဆီပန်း ကို။မြှောက်ပြ သည်။

"ကိုယ် တို့ နေတဲ့ ခြံဝန်းထဲမှာ နှင်းဆီပန်းတွေ အများကြီးပဲ၊ အရောင်မျိုးစုံထဲက ဒီအနက် ရောင်လှသလားလို့၊ မင်းကြိုက်မယ်ထင်တာ"

ရွှေရုပ်က သက်ပြင်းချရင်း

"အနက်ရောင်က နိမိတ်မှ မရှိဘဲ၊ ဒါကြောင့် ငါဆို သူနဲ့ ဆန့်ကျင်ဘက်ကိုပဲ သဘောကျတာ၊ ထားလိုက်ပါ၊ ငါ့အတွက် ယူလာပေးတဲ့ ပန်းဆိုတော့ ယူထားလိုက်မယ်"

သူ့လက်ထဲက နှင်းဆီပန်းကို လှမ်းယူသည်။ အနံ့ရှိမရှိစမ်းသပ်ကြည့်ရာ မျက်ခုံးနှစ်ဖက် ပင့်တက်သွားပြီး

"မွှေးသားပဲ"

"အင်းရေမွှေးနှင်းဆီ လို့ ပြောတယ်"

ရွှေရုပ်က

"ငါ့ကို ထွက်လာခိုင်းတာ ဘာလိူ့လဲ"

ကျော်ဇောက ရှေ့ကို မေးဆတ်ပြရင်း

"လမ်းလျှောက်ရအောင်" ရွှေရုပ် ရယ်ချင် သွား သည်။ ကျော်ဇော တယောက် ဘာတွေ ပေါက်ပေါက်ရှာရှာ လုပ်မလဲ မသိမို့။

နှစ်ယောက် ဘေးချင်းယှဉ်ရင်း လမင်းကြီးကို မျက်နှာမူအတိုင်း အရှေ့ဘက်သို့ ။

"မနက်ဖန် လပြည့်ပြီ"

"အင်းလေ"

"သိပ်မကြာခင် ကိုယ်တို့ ထွက်သွားနိုင်တော့ မှာ" ရွှေရုပ် လက်နှစ်ဖက်နောက်ပစ်ပြီး ပြုံး သည်။ ကျော်ဇော ဘာကို ပြောချင်လဲ နားလည်သည်။

အလင်းတန်း (Light for you) CHAPTER (1) GL (Z+Uni)Where stories live. Discover now