Unicode
.................လရောင်ချို ဆေးရုံခန်းထဲမှာ မေ့မျောနေသည်မှာ သုံးနာရီလောက်ရှိနေပြီ။ သတိရတစ်ချက်၊ မရတစ်ချက်နှင့် အိပ်ရာထဲမှာ လူးလိမ့်လို့နေသည်။ ဆရာဝန်တွေလည်း ဆေးအလွန်အကျွံ သုံးခံလိုက်ရသည့် လူနာကို သေချာဂရုစိုက်ပေးနေရသည်။
အဖျားလည်း တက်လာသည့်အတွက် ဆေးပင်ချိတ်ထားလိုက်ရသည်။ အိုမီဂါဖြစ်သည့်အတွက် နူးညံ့လှတာမို့ ဆေးနှင့်ဓာတ်မတည့်မှုတွေလည်း ဖြစ်ရသည်။ ထို့ကြောင့် ရုတ်တရတ် အဖျားကြီးလွန်းလာပြီး အချိန်အခါမဟုတ် Heat cycleကာလဝင်ရောက်လာခြင်းပင်။
လရိပ်ချိုကတော့လွန်ခဲ့သော နှစ်နာရီတည်းက သတိရလာပြီဖြစ်ပြီး သူ့ရဲ့အမြွှာညီလေးဘေးနားမှာ ဂရုတစိုက်ပြုစုလို့နေသည်။ ပြည့်စုံကိစ္စကိုရဲတွေစစ်ဆေးနေပြီးနောက် သူ့ကိုအာမခံနှင့် ခေတ္တထိန်းသိမ်းထားသည်။ ဒါတွေက ဦးမာန်ထည်ဝါရဲ့ အာဏာတွေကြောင့်လည်းပါမည်။
သူ့သားကိစ္စကို သေချာစုံစမ်းပြီး ပတ်ဝန်းကျင်ကလူတွေကိုမေးမြန်းကြည့်တော့ နောက်ဆုံးသက်သေတွေထွက်လာခဲ့သည်။ သေဆုံးသွားသူက ဦးသိန်းညွှန့် ၊ အသက်၄၀ နှစ်၊ မိသားစုဝင်မရှိ၊ လူပျိုကြီးဖြစ်ပုံရသည်။
ထိုဦးလေးကြီးက ဆွေမျိုးတွေနဲ့ အဆက်အသွယ်လည်းသိပ်လုပ်ပုံမရ။ တစ်ဦးတည်းနေတာမို့ အထီးကျန်ဆန်လွန်းတဲ့ဘဝကိုပိုင်ဆိုင်ထားသူ။ သူကဟိုးအရင်တည်းက အချောအလှတွေမြင်ရင် ကြိုက်တတ်သူဖြစ်ပြီး စိတ်ကစဥ့်ကလျားရောဂါ ကုသမှုလည်း ခံယူဖူးသူဖြစ်သည်။
ယခုလည်း လရောင်ချိုကို ကုန်တိုက်မှာ မထင်မှတ်ပဲတွေ့ဆုံခဲ့ပြီး သူ့အားစွဲလန်းခဲ့ပုံရသည်။ ထို့ကြောင့် သူ့အကြောင်းစုံစမ်း၊ နောက်ယောင်ခံလိုက်ကာ လရောင်ချိုအိမ်ထဲသို့ခိုးဝင်ခဲ့ခြင်းဖြစ်သည်။
ကံဆိုးသည်လားတော့မသိ ပြည့်စုံရောက်ရှိလာ၍ ခိုက်ရန်ဖြစ်ပွားပြီးနောက် သေဆုံးခဲ့ရသည်။ အိမ်နီးနားပတ်ဝန်းကျင်ကလည်း ထိုလူကြီး၏မူမမှန်သည့်အနေအထားကို သတိထားမိသော်လည်း အထွေအထူးပြဿနာမဖြစ်သွားတာကြောင့် လွှတ်ထားခဲ့မိသည်ဟုဆိုသည်။
ESTÁS LEYENDO
နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် Completed
RomanceUni ..... Pdf file or other ways of making files များဘယ်fileမဆို လုပ်ပြီးဖြန့်ချီခွင့်မပြုပါဘူးနော်။ This is my fourth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢...