Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေးအပိုင်း(၅၈)
"ဟမ့်! "
"မ'ကလဲကွာ စိတ်မဆိုးပါနဲ့ကွာ ကျွန်တော်ရဲ့အချစ်စိတ်တွေကပြင်းထန်နေလို့ပါ အဲ့ဒါက မ'ကိုချစ်လို့ဖြစ်တာမို့ မ'တာဝန်ပဲလေကွာ"
"ဟမ့်"
"မ'ကလဲကွာ နော် နော် စိတ်မဆိုးပါနဲ့ကွာ "
သူမ စိတ်ဆိုးနေတဲ့အချိန် သူကလိုက်ချော့တယ် သူမတို့တခါမှမကွဲဖူးခဲ့သလိုပဲ တခါမှ အဖုအထစ်မဖြစ်ခဲ့ဖူးသလိုပဲ မသိသလိုပဲ ဘာမှမဖြစ်ခဲ့ဖူးသလို စနေနောက်နေခဲ့ကြတယ်
သူမက သာမာန်အတိုင်းစိတ်ကောက်တယ် သူကလဲ သူမ စိတ်ပြေအောင်လိုက်ချော့တယ် ဒါက သာမာန်စုံတွဲတွေလိုပါပဲ
သူမ ပြုံးနေပြီး ပြုံးနေတဲ့သူမကိုကြည့်နေတဲ့သူကလဲပြုံးနေတယ်
"မ' "
"ဟင်"
"ကျွန်တော်မ'ကို စိတ်ရှိလက်ရှိမဖုံးမကွယ်ပဲနဲ့ချစ်ချင်တယ် ရလား "
"ဟမ်? အခုရော ချစ်နေတာပဲမဟုတ်ဘူးလား "
ကောင်းမင်ထျန်းက မုယွမ်ယွမ်ရဲ့နှုတ်ခမ်းလေးတွေကိုလက်နဲ့ပွတ်သပ်နေရင်းမှ
"မဟုတ်ဘူး ဒါက ကျွန်တော့်ရဲ့အပြည့်အဝမဟုတ်သေးဘူး အစက မ'ရှေ့မှာရိုးသားတဲ့ဖိုးသခွားပုံလေးပဲပြချင်ခဲ့တာကြောင့် ကျွန်တော့်ရဲ့စိတ်ကိုချုပ်ထိန်းခဲ့ရတယ် "
"အွန်း "
သူမရဲ့ထောက်ခံသလိုအပြောလေးနဲ့ခေါင်းညိမ့်လာတာကချစ်ဖို့ကောင်းလွန်းနေတော့ ကောင်းမင်ထျန်း မနေနိုင်ပဲ သူမနဖူးလေးကိုနမ်းရှိုက်လိုက်မိတယ်
"နောက်တော့ ကျွန်တော့်ကိုမ'မုန်းနေလို့ ကျွန်တော့်အချစ်တွေကိုပြဖို့နောက်တွန့်ခဲ့ရပြန်တယ် "
"အမလေး နောက်တွန့်ခဲ့ရတယ်တဲ့လား မသေရုံတမယ်နှိပ်စက်ခဲ့တာပါနော် ဘာလို့ မင်းကပဲနစ်နာသူလိုလာဟန်ဆောင်ပြနေရတာလဲ ဟမ့် လုပ်ရဲသေးတယ် အရှက်ကိုမရှိဘူး "
သူမ စွာစွာ စွာစွာနဲ့ သူ့ကိုရန်တွေ့ပြီးမျက်စောင်းထိုးလာလေတယ် ကောင်းမင်ထျန်က ကလေးဆန်တဲ့သူ့ချစ်သူလေးရဲ့အပြုအမူလေးကိုအသည်းယားပြီး နဖူးပေါ်ဝဲကျနေတဲ့ဆံနွယ်လေးတွေကိုဖွလိုက်တော့
VOCÊ ESTÁ LENDO
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasiaသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...