ဒေါက်...ဒေါက်...ဒေါက်
"ဘယ်သူလဲ"
"ငါ..."
"ဘယ်ကငါလဲ မသိဘူးထွက်သွား ဝင်မလာနဲ့"
စကားဆုံးတာနဲ့ ပွင့်သွားတဲ့တံခါးနဲ့ အတူဝင်လာတဲ့လူတစ်ယောက်
"ဘာလာလုပ်တာလဲ"
"အချစ်ကလေးကိုလွမ်းလို့ပေါ့ကွာ"
ပြုံးစိစိ မျက်နှာထားနဲ့ဝင်လာပြီး သူ့အိမ်သူ့ယာလိုပုံစံနဲ့ခပ်တည်တည်ဝင်ထိုင်လာတဲ့ ထိုသူ။
"ကျက်သီးထစရာ စကားတွေမပြောပဲ လာရတဲ့အကြောင်းရင်းကိုပဲပြောပါ ချွဲဆူဘင်း"
စလာကတည်းကပေါက်ကတွေနဲ့စလာတဲ့ အနှီသူငယ်ချင်းဆိုတဲ့လူကို နှာခေါင်းသာရှုံ့ပြလိုက်တော့တယ်။ဒါတောင်ဒင်းက ပြုံးစိစိမျက်နှာထားနဲ့ မျက်နှာပိုးကသေတာမဟုတ်။
"ပျင်းလို့ပေါ့ကွ မင်းကရော ဘယ်သွားမလို့လဲ"
"ရည်းစားလေးနဲ့ ဒိတ်လေ အေးပေါ့ မင်းလိုဒိတ်စရာရည်းစားမရှိတဲ့လူကျလည်း အားယားနေမှာပေါ့နော်" ဟုဆိုမိတော့ ဆူဘင်းကနှာခေါင်းရှုံ့ပြလေတယ်။
"ကလေးကို မုန့်ပေးကြိုက်တဲ့ကောင်ကများ"
"ဘာဖြစ်လဲ ဘာဖြစ်လဲ မင်းကိုတောင် ယောန်ဂျွန်းနီးဟျောင်းကပြန်ကြိုက်လို့လား"
"ကြိုက်စရာမလိုဘူးကွ ချစ်လာဖို့ပဲလိုတာ"
"ဘာပဲပြောပြော ပြန်မကြိုက်တာကမကြိုက်တာပဲ အဲ့တော့ ပြန်ကြိုက်လာဖို့သာကြိုးစားလိုက်နော် အခုတော့ ရည်းစားလေးဒိတ်ဖို့သွားရတော့မှာမလို့ မင်းလည်းပြန်.... ဘာလို့ အဲ့လိုကြီးကြည့်နေတာ ကြက်သီးထအောင်လို့"
ပြုံးစိစိနဲ့လူကိုကြည့်နေတာ တစ်ကယ်ကို ကြောက်စရာ ငယ်ငယ်လေးကတည်းကပေါင်းလာတဲ့သူမလို့ ဘယ်လိုမျက်နှားထားဆို ဘာလုပ်ဖို့ကြံနေလဲသိတာမလို့ အခုလည်း ချွဲဆူဘင်း မဟုတ်တာလုပ်ဖို့တွေးနေလောက်ပြီဖြစ်တယ်။
"ငါလဲလိုက်မယ်လေ နော် နော်လို့"
"အား သွားစမ်းကွာ သူများကရည်းစားနဲ့ဒိတ်တာလေ မင်းကဘာလိုက်လုပ်မှာလဲ"