အခန်း - ၄၉
Lighthouse Of Love 💜 အချစ်မီးပြတိုက်လေး"ကိုယ့်မေမေဆီကဖုန်းလာလို့ ခဏလေးနော်ခလေး"
"ဟုတ်"
ဝရံတာဘက်ထွက်သွားသည့် သူဌေးလူကြီးကြောင့် လွန်းငယ်ထမင်းဝိုင်းကြီးတွင် တစ်ယောက်ထဲထိုင်၍ကျန်ခဲ့သည်။
ချဲပေါက်တဲ့အထိန်းအမှတ်ဆိုပြီး ထမင်းကိုယ်တိုင်ချက်ကျွေးသည့်သူဌေးလူကြီးက ပြင်ဆင်ထားတာများ နည်းနည်းနောနောမဟုတ်ပေ။ လူနှစ်ယောက်ထဲစားမည်ကို များလွန်းလှသည်ကြောင့် ဆရာဝန်ကိုကြီးတို့အဖွဲ့ကိုခေါ်ထားသော်လည်း မည်သူမှရောက်မလာသေးပေ။
"မာမီပြောပုံကမဟုတ်သေးပါဘူး"
"ငါ့သားသိက္ခာအတွက် မာမီပြောနေရတာသား"
"ကျွန်တော့သိက္ခာကဘာဖြစ်နေလို့လဲ"
"အဲ့ကောင်မလေးနဲ့ဝန်ထမ်းတွေရှေ့တောင် မိုးမမြင်လေမမြင်ဖြစ်နေကြတယ်ဆို"
"မာမီ့ကိုဘယ်သူပြောလဲ"
"ဝန်ထမ်းတွေရှေ့လဲမရှောင် ရဲလိုက်တဲ့ကောင်မလေး အဲ့လောက်ရဲတင်းနေရင်မိန်းမကောင်းလေးမဖြစ်နိုင်ဘူးနော်သား"
"လက်လွတ်စပယ်မပြောနဲ့မာမီ လူရှိမှန်းမသိလို့ ကျွန်တော်နဲ့တရင်းတနှီးနေခဲ့ရုံပဲရှိတယ် ခလေးဆီမှာ မိန်းမကောင်းမမီသတဲ့အချက်တစ်ချက်မှမရှိဘူး မာမီပြောသလိုဝန်ထမ်းတွေရှေ့လဲ မရှောင်တာကခလေးမဟုတ်ဘူး မာမီ့သားကျွန်တော်"
"ထားပါတော့ ချဲထိုးတတ်တဲ့အကျင့်ကရှိသေးတယ်တဲ့နော် လောင်းကစားလုပ်တတ်တဲ့မိန်းခလေးမလား တကယ့်စရိုက်ကိုမှ သားကဘာလို့ကြိုက်ရတာလဲငါ့သားရယ်"
"ခလေးအကြောင်းမသိပဲရမ်းမပြောနဲ့လို့ကျွန်တော်ပြောတာရော ခလေးလောက်ဖြူစင်တဲ့လူ မာမီကမ္ဘာပက်ရှာတောင် မာမီအိုတဲ့အထိတွေ့မှာမဟုတ်ဘူး နားစွန်နားဖျားကြားရုံနဲ့မာမိီလျှောက်ပြောဖို့မသင့်ဘူး"
ဘေးစကားကြောင့် ခလေးကိုတစ်ဇွတ်ထိုးတွေးပြီး မကောင်းတဲ့မိန်းမပျက်ပါလို့ ခေါင်းစဉ်တပ်ပြောလာသည့်မာမီ့ကို ဒီ့ထပ်ပိုပြီးသည်းမခံနိုင်တော့ပီ။
YOU ARE READING
Lighthouse Of Love (Completed)
Romanceအချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်