Part-2 (first meet)

723 63 0
                                    

Chae ခွဲစိတ်ပြီးလို့ ခွဲစိတ်ခန်းက ထွက်လာပြီး ကိုယ်လက်သန့်ရှင်းရေး အရင်လုပ်လိုက်သည်။
ခဏကြာတော့ nurse တစ်ယောက်က လာပြီး

" Dr Rosie နဲ့ပြဖို့ လူနာစောင့်နေပါတယ်"

" ဟုတ်ပါပီ လာခဲ့မယ်နော်
စာအုပ်လေး ထားခဲ့"

" ဟုတ် Dr"

Chae လဲ စာအုပ်မျက်နှာပြင်ပေါ်က နာမည်လေးကို ကြည့်လိုက်တော့

" Kim Jisoo"

Chae နာမည်လေးရေရွတ်ရင်း လူနာရဲ့မှတ်တမ်းတွေကို ကြည့်ပြီး ကုသရမဲ့ နေရာကို သွားလိုက်တော့သည်။

" စောင့်နေရတာ ကြာသွားရင် ကျွန်မ တောင်းပန်ပါတယ်နော်"

Irene နဲ့ Soo အသံလာရာ တံခါးပေါက်နားကို ကြည့်လိုက်တော့
Soo ဆရာဝန်မလေးကို ကြည့်လိုက်တော့ ကျောလည်လောက်ရှိတဲ့ရွှေရောင်ဆံပင်​တွေကို ဆံညှပ်နဲ့ ညှပ်နေပုံလေးက Soo ကို ငေးယူရစေသည်။
Irene ပြောတာကို Soo လက်ခံသွားသည်။
လှသည် တော်တော်ကိုလှသည်
၄ နှစ်ကျော်ကာလအတွင်း သူမကလွဲပြီး ဘယ်သူ့ကို Soo ဒီလောက်ကြာကြာ မကြည့်ဖူးခဲ့တာ အမှန်။

" ရပါတယ် Dr Rosie"

Chae ရဲ့ လူနာဖြစ်ဖူးတဲ့ သူတွေသာ chae ကိုအာ့နာမည်ခေါ်တာမလို့ ဆံပင်ကို ကလစ်နဲ့တွယ်ပြီး ကြည့်လိုက်တော့

" အစ်မ Irene"

"မှတ်မိလို့တော်သေးတာပေါ့"

Chae ခုံမာထိုင်ပြီး အစ်မIrene ကို စကားဆက်ပြောလိုက်သည်။ ဝင်လာကတည်းက chae ကို မျက်တောင်မခတ်ဘဲ ကြည့်နေတဲ့သူကို မသိချင်ယောင်ဆောင် ပြီးတော့ပေါ့

" မှတ်မိတာပေါ့ အန်တီရော နေကောင်းရဲ့လား"

" သက်သာပါတယ် ဆရာဝန်မလေး Rosie ကိုတော့ ပါးစပ်က မချပါဘူး"

Irene ပြောလိုက်တော့ သဘောကျကျ ရယ်မောနေတဲ့ သူ့ကို ကြည့်ပြီး Soo ကြည့်ရပြန်သည်။

"နေမကောင်းတာက ဘယ်သူလဲ အစ်မလား"

" အစ်မ မဟုတ်ပါဘူး
ဒီက အစ်မ Kim Jisoo တဲ့ အစ်မ အလုပ်ရှင်လေ"

Irene ပြောမှ Soo ကို နှုတ်ဆက်တဲ့ ဆရာဝန်မလေးပါ။

" ဟုတ် တွေ့ရတာဝမ်းသာပါတယ်ရှင့်
ကျွန်မက Dr, ပတ်ချယ်ယောင်းပါ
Rosie လို့လဲ ခေါ်လို့ရပါတယ်"

The Only Exception Where stories live. Discover now