741 - 745

310 30 0
                                    

ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 741 ) ကျန်းထိုက်ရှနှင့် တိုက်ခိုက်ခြင်း။

ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး သန့်စင်အလောင်းများ ဆက်တိုက် ပေါက်ကွဲသွားသည်။ လုမင်က အလောင်းအဘိုးအိုထံသို့ ဆက်လျှောက်သွား၏။  

"ဒါက ဘယ်လိုဖြစ်ရတာလဲ"
အလောင်းအဘိုးအိုက အံ့သြသွားသည်။ ဖျက်ဆီးလို့မရသည့် အလောင်းတစ်ဒါဇင်ကျော်ကို လုမင်က အမှန်တကယ်ပဲ ဖျက်ဆီးပစ်ခဲ့၏။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက ဘယ်လောက်ထိ ကြောက်စရာကောင်းနေပါသနည်း။

သူ့နှလုံးသားများ တုန်ခါသွားသည်။

'မဟုတ်ဘူး၊ ပြန်ဆုတ်'
အလောင်းအဘိုးအိုက စိတ်ထဲမှ အော်ဟစ်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း များစွာ နောက်ကျသွားခဲ့ပြီ။ ကြယ်တာရာပေါက်ကွဲလက်သီးက သူ့ကို ချက်ချင်း ဖုံးလွှမ်းသွား၏။ ထို့နောက်မှာတော့ အဘိုးကြီး၏ ကောင်းကင်ဘုရင်ကျောက်စာချပ်မှ စတီးချီများက လုမင်ထံသို့ စီးဝင်သွားတော့သည်။
 
တစ်ဖက်တွင် သရဲအဘိုးကြီးက လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကာ အသည်းအသန် ထွက်ပြေးသွားခဲ့သည်။

သို့ရာတွင် လှံတစ်ချောင်းက လေထုကို ထိုးဖောက်ကာ အဘိုးကြီးနောက်ကျောမှ ဖောက်ထွက်သွား၏။

အပြင်ဘက်မှ ကြည့်နေသူများလည်း ထိုမြင်ကွင်းကြောင့် တုန်ရင်မောဟိုက်သွားတော့သည်။ 
 
"ဒီလုမင်က အရမ်းကြောက်ဖို့ကောင်းတာပဲ။ ကောင်းကင်အလောင်းကောင်ဂိုဏ်းက အစွမ်းထက်တဲ့ မွန်းစတားအိုကြီးနှစ်ယောက်ကို တကယ်ပဲ သတ်ပစ်လိုက်နိုင်တယ်၊ သူတို့ကြား ကွာဟချက်က ကြီးမားလွန်းတော့ လုံးဝ ချေမှုန်းခံလိုက်ရတာပဲ"

"ကျုပ်အမြင် သူ့ရဲ့ ခွန်အားက အမြင့်ဆုံးအဆင့်ကို ရောက်နေပြီ။ သူက ကျန်းထိုက်ရှ၊ ဝမ့်ကြွယ်နဲ့ တခြားသူတွေနဲ့တောင် သိပ်မကွာခြားလောက်တော့ဘူး"

"ဒါက တကယ်ကို ကြောက်စရာကောင်းတယ်"

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက လူတိုင်းကို ထိတ်လန့်စေခဲ့ကြောင်း ထင်ရှားသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Donde viven las historias. Descúbrelo ahora