806 - 810

319 29 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 806 ) အဓိပဓိကျိုးယန် နေထိုင်ခဲ့သောဂူ။

'ဒါက ဘယ်နေရာလဲ'
လုမင်လည်း စိတ်ထဲမှတွေးကာ ရှေ့ကို ပြေးသွားခဲ့သည်။
  
"ဝေါင်း"
အဝေးသို့ မပျံသန်းနိုင် အနက်ရောင်ကျားပုံစံ သားရဲတစ်ကောင်က ပြေးထွက်လာပြီး တိုက်ခိုက်လိုက်၏။

ဤကျားပုံသဏ္ဍာန် သားရဲက အမွေးအမှင်မရှိသော်လည်း အနက်ရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး ၎င်း၏မျက်လုံးများကလည်း သွေးကဲ့သို့ နီရဲနေသည်။

ဤကျားသဏ္ဍာန် သားရဲကြီးက အထွတ်အထိပ်ဘုရင် တိုက်ခိုက်နိုင်စွမ်းရှိပေသည်။

လုမင်က‌ ခြေတစ်ချက်ဆောင့်လိုက်သည်နှင့် တွန်းကန်အားများ ထွက်ပေါ်လာသည်။ သူ့ထံမှ အစွမ်းထက်အင်အားများ ပေါက်ကွဲထွက်ပေါ်လာရာ ကျားကြီးမှာ တိုက်ရိုက် ပေါက်ကွဲသွားတော့သည်။
  
လုမင်က လုံးဝအရှိန်မလျှော့ဘဲ အရှေ့ကို ဆက်ပြေးသွားခဲ့သည်။

သူ့အနောက်မှာလည်း ဝမ့်ဟောက်ရှန်းက အနီးကပ်လိုက်လာခဲ့၏။

သို့သော်လည်း ဤတောင်ပေါ်တောအုပ်ထဲတွင် သူတို့နှစ်ဦး၏အရှိန်က အလွန်နှေးကွေးသွားခဲ့သည်။ တစ်ခါတစ်ရံလည်း အစွမ်းထက်သားရဲများက  ၎င်းတို့နှစ်ဦးအပေါ်သို့ ခုန်လွှားကာ တိုက်ခိုက်ကြ၏။ ထို့ကြောင့် ၎င်းတို့မှာ ခွန်အားအပြည့်ဖြင့် မပျံသန်းနိုင်တော့ဘဲ အရှိန်မှာလည်း ပို၍ပင် နှေးကွေးလာတော့သည်။

ထို့ပြင် အတွင်းသို့ရောက်လာလေလေ ပိုကြောက်စရာကောင်းသည့် သားရဲများကို မြင်လာရလေပင် ဖြစ်သည်။

အစပိုင်းတွင် ၎င်းတို့အားလုံးက အထွတ်အထိပ်ဘုရင်အဆင့် သားရဲများသာဖြစ်သော်လည်း နောက်ပိုင်းမှာတော့ ဝိညာဉ်ပင်လယ် အဆင့်တစ်၊ အဆင့်နှစ်နှင့် ညီမျှသော သားရဲများကိုပင် မြင်လာရတော့သည်။

သို့ရာတွင် ဉာဏ်ရည်မရှိကြဘဲ ရက်စက်ကြမ်းကြုတ်စွာဖြင့် တိုက်ခိုက်ခြင်းသာ ရှိကြသည်။

သူတို့နှစ်ယောက်ဟာ ပြေးရင်း၊ လိုက်ရင်းဖြင့် နေ့ဝက်ကြာပြေးပြီးနောက် ‌မိုင်သောင်းချီအကွာကို ရောက်လာခဲ့ကြသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Où les histoires vivent. Découvrez maintenant