6

1.8K 174 13
                                    

အတိတ်ကိုပြန်တွေးနေမိတဲ့ ဟန်ဘင်းကို အနောက်ကနေ လာဖက်တဲ့ ဟာအိုကြောင့် ပစ္စုပ္ပန်စီ စိတ်တွေပြန်ရောက်လာခဲ့သည်။

လည်ပင်းကို သိုင်းဖက်လာတဲ့ ဟာအို့လက်ကလေးတွေ ဆွဲဖြုတ်ပြီး ထိုင်နေတဲ့ ဟန်ဘင်းပေါင်ပေါ်ကိုဆွဲချလိုက်သည်။

အိပ်ချင်မူးတူးဖြစ်နေပုံလေးက ဟိုးအရင်ကလိုပဲ ချစ်စရာကောင်းနေဆဲ။ခေါင်းပေါ်က ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ဆံပင်လေးတွေကို အူယားလွန်းတာကြောင့် ဟန်ဘင်း ဆွဲဖွပစ်လိုက်သည်။

" ဒီနေ့အလုပ်မသွားနဲ့တော့ "

" အွန်း...ညကတည်းက ယူဂျင်းလေးကိုmessageပို့ထားတယ် "

ယူဂျင်းဆိုတာ လွန်ခဲ့တဲ့ 2နှစ်က ဟာအို ဖွင့်ထားတဲ့ ပန်းဆိုင်လေးမှာ အလုပ်လုပ်ချင်ပါတယ်ဆိုတဲ့ အထက်တန်းကျောင်းသားကလေး။ ကလေးမို့ မခန့်ပါဘူးပြောတာကို အတင်းလုပ်ချင်တယ်ဆိုပြီး ဆိုင်ကိုနေ့တိုင်းလာဂျီကျနေတာမို့ ဟာအိုလည်းမတတ်သာပဲအလုပ်ပေးထားရတာ။

ပြီးတော့ သူတစ်ယောက်တည်းမဟုတ် နောက်ထပ် ဂယူဘင်းဆိုတဲ့ ကလေးကပါ အလုပ်လုပ်ချင်ပါတယ်ဆိုပြီး ဟာအို့ဆိုင်ရှေ့ နေ့တိုင်းလာလာဆန္ဒပြနေတာကြောင့် နှစ်ယောက်လုံးကို အလုပ်ခန့်ထားရတာပင်။ တစ်ခါတစ်လေဆို ဟာအိုမမြင်ဘူးအထင်နဲ့ ဂယူဘင်းက ယူဂျင်းကို ပါးလိုက်လိုက်ဆွဲနေတာလေ။ ဟိုကလည်း မကြိုက်တော့ ဟာအိုမသိအောင် ကြိတ်ရန်ဖြစ်နေတာနဲ့ ဟာအိုလည်း ဆူထားလိုက်တော့မှ ငြိမ်သွားတော့တယ်။

ကလေးတွေပေမယ့် နှစ်ယောက်လုံးက လိမ္မာပြီး အလုပ် ကြိုးစား​တာမို့ အလုပ်ခန့်ထားဖြစ်တာ 2 နှစ်တောင်ရှိပြီ။ ဟာအိုကလည်း သူတို့နှစ်ယောက်ကိုဆို ကိုယ့်ညီငယ်လေးတွေလိုပဲ ဆက်ဆံပြီး ဆုံးမတော့ ကလေးတွေက ကိုယ့်ကိုသံယောဇဥ်တွယ်နေတာနဲ့ပဲ ကျောင်းပြီးတာတောင် ဟာအို့ပန်းဆိုင်လေးမှာ အားတဲ့ရက်တွေဆိုလာလာ လုပ်ပေးနေကြတာ။

တကယ်တော့ ဟာအိုက ပန်းဆိုင်ကို တစ်​ေယာက်တည်းနဲ့လည်း runနိုင်ပေမယ့် ကလေးတွေက လုပ်ချင်တယ်ဆိုလွန်းလို့သာလက်ခံထားရတာ။ သူတို့မိဘတွေကလည်း အခြေအနေတစ်ခုရှိကြတဲ့ အသိုင်းအဝိုင်းတွေထဲက ကို သူတို့သားတွေလုပ်ချင်တာလုပ်ဆိုပြီး လွှတ်ထားပေးကြတာလေ။ ဟာအို့ကိုတောင် ကလေးတွေမလိမ္မာရင်ဆုံးမဖို့အပ်ထားကြသေး။ ပန်းဆိုင်မလုပ်ပဲ ကလေးထိန်းဖို့ ကျောင်းဆရာပဲလုပ်ခဲ့လိုက်ရမှာ။

Love's Sweet RefrainWhere stories live. Discover now