#အချွဲလေး
"လေသွေး ငါလောလောနဲ့ထွက်လာတာ ဘာလက်ဆောင်မှမပါခဲ့ဘူး ပိတ်ရက်နင့်အိမ်မှာနေရမယ်ဆိုတဲ့အတွေးနဲ့တင် ငါတော်တော်လေးစိတ်လှုပ်ရှားနေပြီး"
ဆိုင်ကယ်ပေါ်ကဆင်းဆင်းချင်း ကျောပိုးအိတ်ကိုပုခုံပေါ်သေချာဆွဲတင်ပြီး ကျွန်တော့်ကိုပြေးဖက်သည့် ဝေလွင်။ ကျွန်တော့်အိမ်ကို အလည်လာဖို့ ဖိတ်ရာကနေ အဆောင်တွင် ယနေ့ထိရှိနေသေးသည့်အကြောင်း ပြောလိုက်သည်မို့ ဝေလွင် ဆိုင်ကယ်ဖြင့် ချက်ချင်းရောက်လာပါသည်။
"ဪ...ဆရာရှိနေတာလား? လာ သွားရအောင် ဆူခံထိနေဦးမယ်"
ရုတ်တရက်ဆရာ့ကိုမြင်တော့ ဝေလွင် ကျွန်တော့်ကို တီးတိုးပြောကာ ထိုနေရာကနေဆွဲခေါ်လာခဲ့သည်။ ဆိုင်ကယ်နားရောက်မှ ကျွန်တော်တကယ်ပင် အသက်ရှူချောင်သွားသည်မှာအမှန်။
"တတ်လေ ဘာရပ်လုပ်နေတာလဲ ဆရာ့မျက်နှာကိုလည်းတစ်ချက်ရှိုး လူမြင်တာနဲ့ ထသ/တ်တော့မယ့်အတိုင်းပဲ ငါဆရာ့ရှေ့ဆို အသက်တောင်ရဲရဲမရှူနိုင်ဘူး ကြောက်လို့"
"ဆရာက အဲ့လောက်လည်းမဟုတ်ပါဘူး"
"မင်းမို့လို့ပဲ အဲ့လိုပြောတာ ခါးဖက်ထား ငါမောင်းတော့မယ်"
မောင်းနှင်ထွက်ခွာသွားသည့်ဆိုင်ကယ်နှင့်အတူဝေလွင့်ခါးကိုဖက်ရင်း ပါသွားသည့်လေသွေး။ သူဘာစကားတစ်ခွန်းမှ မပြောဖြစ်ပေမဲ့ စိတ်ထဲတွင် ရှုပ်ထွေးနေသည့် ဒီခံစားချက်ကိုသူမကြိုက်ပေ။
"မောင် ယုပြောတာကြားလား"
"ယုပြန်တော့ မောင်ခေါင်းနည်းနည်းကိုက်လာလို့ "
"မောင်ယုကိုနှင်နေတာလား မောင် ၊ ယုဘယ်လောက်ထိအလုပ်များလဲ မောင်သိပါတယ် ၊ ယုမအားတဲ့ကြားကနေ မောင့်အတွက် အချိန်ပေးနိုင်အောင်ယုကြိုးစားခဲ့ရတာ ၊ရလဒ်က *ပြန်တော့*တဲ့လား မောင်"
"ယုမောင့်ကိုနားလည်ပေးနော် ၊ ယုပြန်တော့ မောင်တောင်းပန်တယ်"
သူ့လေသံများက တကယ်ပင်အားမရှိတော့သည့် လူမမာကဲ့သို့။ ခါးဖက်ထားသည့် လက်တစ်စုံက သူ့မျက်ဝန်းအိမ်ထဲကနေ ထပ်ကာ ထပ်ကာပေါ်လာသည်။ အသက်မပါသည့် ခြေလှမ်းများက သူ့အခန်းရှိရာအပေါ်ထပ်သို့ တရွေ့ရွေ့။ ဘွဲ့ရပြီးအသက် ၂၅ပြည့်ပြီးသည့်တိုင် ယခုကဲ့သို့ ခံစားချက်အသစ်အဆန်းကို သူမခံစားဖူးပေ။
ဒါက ဘာဖြစ်လို့များပါလိမ့်......
CZYTASZ
အချွဲလေး [Completed]
Romansဒီficက အဆောင်နေကျောင်းသူဘဝနဲ့ အာသာ စိတ်ကူးပုံဖော်ထားတာတွေ ရောထားတာမလို့ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ရအဆင်ပြေလောက်တဲ့ ficမျိုးပါ