Ch- 65.1

2K 158 5
                                    

(note:

ယဲ့မိသားစု

ယဲ့မိသားစု အရှုပ်တော်ပုံကြီး နဲနဲရှုပ်နေလို့ လေကြောလေးရှည်ပါရစေ။

သူတို့ရဲ့ ခတ်မှာ ပုံမှန်ဆိုရင် သာမာန်ပြည်သူမဟုတ်တဲ့ အရာရှိတွေက တရားဝင်ဇနီး တစ်ယောက်၊ ကိုယ်လုပ်တော်သုံးယောက်၊ မောင်းမ လေးယောက် ယူခွင့်ရှိပါတယ်။(တခြား အိမ်ယာဝင်အစေခံ၊ အိမ်ယာနွေး ဘာညာလဲ ရှိသေးတယ်)

ဒါပေမယ့် တော်ဝင်မိသားစုက မင်းသမီးတွေကို လက်ထပ်တဲ့ သားမက်တော်တွေကျတော့ ဘာမှ ထပ်ယူခွင့်မရှိပါဘူး။ မင်းသမီးကိုပဲ သစ္စာရှိရပါတယ်။ ချွင်းချက်အနေနဲ့ မင်းသမီးကိုယ်ဝန်ဆောင်နေလို့ ယောကျာ်းရဲ့ဆန္ဒကို မဖြည့်ပေးနိုင်တဲ့အချိန်ဆိုရင် အိမ်ယာဝင်အစေခံနှစ်ယောက်ထားပေးတယ်။ တော်ဝင်မင်းသမီးက ကလေးမမွေးနိုင်တာတို့ ဘာတို့ဆိုရင်‌တော့ ကိုယ်လုပ်တော်ထားဖို့ ဧကရာဇ်က တရားဝင်အမိန့်ထုတ်ပေးမှ ယူခွင့်ရှိတာပါ)

တရားဝင်ဇနီးက မွေးရင် တိသား၊တိသမီး(တရားဝင်သား၊တရားဝင်သမီး)(ပမာဏသား၊ ပမာဏသမီး) စသည်ဖြင့်ခေါ်တယ်ပေါ့။ တခြားသူကမွေးရင် ရှု့သားရှု့သမီးလို့ခေါ်တယ်၊ သခင်လေး၊ သခင်မလေးကြတော့ မွေးတဲ့အတိုင်းနံပါတ်စဥ်တပ်တယ်။

ဘယ်သူကပဲမွေးမွေး ၊ ကလေးက တရားဝင်ဇနီးကိုပဲ အမေခေါ်ရပြီး ကျန်တဲ့သူတွေကို အမေခေါ်ခွင့်မရှိဘူး။ နန်းတွင်းမှာတောင် ကြင်ယာတော်ကမွေးရင်တောင် ဧကရီကိုပဲ မယ်တော်ခေါ်ရတယ်။

တရားဝင်ဇနီးကလဲ တိသား တိသမီးပဲဖြစ်ဖြစ် ရှု့သား ရှု့သမီးပဲ ဖြစ်ဖြစ် အကုန်လုံးကို သူ့ကလေးအဖြစ်ယူဆပြီး စားဝတ်နေရေး၊ ပညာရေး အကုန်တာဝန်ယူ စီမံပေးရတယ်။

ပေးတဲ့အခွင့်အရေးကတော့မတူဘူးပေါ့။ ယောကျာ်းလေးဆိုရင် တိသားကပဲ အမွေဆက်ခံခွင့်ရှိတော့ သူက အထူးဦးစားပေးပဲ။ မိန်းခလေးဆိုလဲ လက်ထက်တဲ့အခါ တိသမီးကပဲ တရားဝင်ဇနီးဖြစ်နိုင်တယ်။ ရှု့သမီးဆိုရင် ကိုယ်လုပ်တော်၊မောင်းမအဖြစ်

ပဲလက်ထပ်လို့ရတယ်။

ယဲ့မိသားစုအကြောင်းကို E-Tran မှာလဲ သေချာတော့ မပြောထားဘူး။ ဒါပေမယ့် ယဲ့ရှန်းအမေကို မင်းသားလွေ့ဆီပို့တဲ့အချိန်မှာတော့ engaged လို့ပဲရေးထားတာပါ။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now