Part-9

33 3 0
                                    

အခန်း-(3)/Wayne's Announcement အဆက်။
💖💖💖💖💖💖💖💖💖💖

ဝိန်းမိသားစုသည် ဌာနချုပ်ပွဲခန်းမ​ဆောင်ရှိ နား​နေခန်းဘက်တွင် စု​ဝေး​ရောက်ရှိ​နေကြသည်။

ဒီအချိန်ဝယ်၊ မာသာဝိန်း၏ လူယုံ တစ်ဦးက စာတစ်​စောင် လာ​ပေး​လေသည်။

"သခင်မဝိန်းရှင့်၊ ခဏ​လောက် အချိန်​ပေးနိုင်မလား။"

"​အေး....ဝါဝါ ​ပြော​လေ၊ ဘာများပါလိမ့်။"

"ဒီမှာရှင့်၊ သခင်မထံ  စာတစ်​စောင်​ရောက်ရှိလာလို့ပါ"

"အင်း၊ ဘယ်သူ့ဆီကပါလိမ့်"

ထိုစာအိတ်အား ဖွင့်ဖတ်ကြည့်​တော့ ပြည်ပရှိ သားငယ်ထံမှ ​ရောက်ရှိလာတဲ့ စာတစ်​စောင်ပင်။ ထိုစာထဲတွင်​တော့ အစ်ကိုဖြစ်သူ ၏သတင်းများ ကြားသိရပါတယ်။

ထိုသတင်းများကို ​ချေပရန်အတွက် စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်မည်ဟုလည်း ကြားသိ​နေရတယ်။ မည်သို့ဖြစ်​စေ၊ ကျွန်​တော် မကြာခင်ရက်ပိုင်း အတွင်း မြန်မာပြည်သို့ ပြန်လာ​တော့မည်ဖြစ်​သော​ကြောင့် ယင်းပွဲကိစ္စကို ​ခေတ္တ​ရွေ့ဆိုင်း​ပေးရန် နှင့်သားပြန်လာမှသာ ထိုကိစ္စအား ပြန်လည်ဆုံးဖြတ်ပါရန် ဆိုသည့် ​ရေးသားထား​သော အိတ်ပိတ်စာ​စောင်ပင် ဖြစ်​လေသည်။

မာသာသည် တစ်စုံတစ်ရာ ​တွေး​တော​နေစဥ် ​သောမတ် ကလာ​ရောက်စကား​ပြေ​လေသည်။

"မာသာ​ရေ....မင်းအဆင်​ပြေရဲ့လား ဘာအခက်အခဲဖြစ်​နေတာလဲ"

"အင်း......အဆင်​မပြေဘူး ​ပြောရမယ် ​ဟောဒီမှာ ပြည်ပက သားငယ်ဆီက စာရတယ်၊ ဒီက အ​ခြေအ​နေ​တွေကလည်း ဘာ​တွေ ဖြစ်ပျက်​နေမှန်း မသိဘူး ​တော်ကြာ သားငယ် ပြန်လာတာ ရန်ဘက်​တွေ သိသွားမှာဖြင့်...."

"ဟင်း....ဘာမှမဖြစ်ပါဘူး မာသာရယ် တို့​တွေ့မှာ သြဇာအင်အား​တွေ ရှိပါ​သေးတယ်"

"စိုးထိတ်လိုက်တာ ကို​သောမတ်ရယ်....."

သူတို့နှစ်ဦး စကား​ပြော​နေချိန် ဘယ်ကဘယ်လို ဝင်လာမှန်း​တောင် မသိရတဲ့ ​ဝတ်ရုံနက်ခြုံထည် ဝတ်လူစိမ်းတစ်​ယောက်။

"အဟက်! စိုးထိတ်​နေတာ ​နောက်ကျသွားပြီ "

"ဟင်! မင်းဘယ်သူလဲ ဒီထဲဘယ်လိုဝင်လာသလဲ "

"အိုး....သခင်ကြီးဝိန်း ခင်ဗျ လွန်ခဲ့တဲ့ (6)နှစ်​လောက်က အဖြစ်ပျက်တစ်ခု မှတ်မိမလား
အင်း....(လားရှိုးလ်​ကောလိပ် ဖြစ်ရပ်) ​လေ။"

"ဘာ......အဲဒီကိစ္စ မင်းဘယ်လိုသိ ရသလဲဟမ်! ​ပြောစမ်း"

​သောမတ်သည် ​ပြောရင်း ထိုပုဂ္ဂိုလ်အား ​ခြေဆုံး​ခေါင်းဆုံး ကြည့်ရင်း ဝတ်ရုံခြုံထည်အ​ရောင်၊ ထိုလူ၏ လက်ဖျံ​ပေါ်ရှိ အနက်​ရောင်အမှတ်အား သတိထားမိပြီး......

"အား....မင်းက အဲဒီဂိုဏ်းသား​ပေါ့​လေ၊ ဘာဖြစ်ချင်ရပြန်တာလဲ"

"ဘာရယ်မဟုတ်ဘူး သတင်းစကား လာ​ပေးတာပါ​အော်! သခင်မဝိန်း ခင်ဗျား သားငယ်ပြည်ပက ပြန်လာ​တော့မယ်ဆို​တော့ ​သေချာသတိထားဦး​နော်...."

မာသာသည် နားမလည်ဖြစ်ရ​တော့သည်။ ထိုလူ ​ပြောသွားတာ ဘာအ​ကြောင်းလဲ၊ ပြီး​တော့ သားငယ် ကိစ္စထိုလူ ဘယ်လိုသိ​နေသလဲ။ သူမသည် စဥ်းစားရ ကြပ်​နေ​လေပြီ။

💖💖💖💖💖💖💖💖💖💖
စာ​လေး ​ရေး​နေ​ပေမယ့် အား​ပေးသူ​တွေ​ရော ရှိကြရဲ့လားဗျာ....

အရင်အပိုင်း​တွေကို အား​ပေးသူရှိတာ သိရ​ပေမယ့် ​နောက်ပိုင်း ​လျော့​နေသလားလို့ပါ။

လက်​ရေးနဲ့ ​ရေးပြီးသား​ပေမယ့်
အခုမှ Wattpad  ​ပေါ်သာ​ရေးဖူးတာဆို​တော့ အာရုံစူးစိုက်​နေရပါတယ်။

စာဖတ်သူ အားလုံးကို ချစ်ခင်ပါတယ်​နော်။
​ဝေဖန် အား​ပေးမှု ကို​မျှော်လင့်လျက်......

JohnKoSan
#Fantasy Author John Ko San (FB Page)
#John Ko (FB Personal Acc)

Who Hide The Truth Of Life (Own Story)Tempat cerita menjadi hidup. Temukan sekarang