အခန်း (၅)

1.3K 30 0
                                    

#အချွဲလေး

    

ရုပ်ရှပ်ကြည့်နေရင်း ချမ်းစိမ့်စိမ့်ဖြစ်လာတာမို့ ကျွန်တော်မသိမသာဆရာ့ကိုဆွေကြည့်‌မိသည်။ ဆရာက ပိတ်ကားပေါ်တွင် အာရုံရောက်နေသည်မို့    ကျွန်တော့်ခြေထောက်နှစ်ချောင်းကို ဆရာ့ပေါင်ပေါ် အသာလေးတင်တော့ ကျွန်တော့်ခြေထောက်ကို အလိုက်သင့်ဆွဲကာ ဝတ်ထားသည့်လက်ရှည်ဖြင့် ဆရာက ခြုံပေးလိုက်သည်။ ကျွန်တော့်ကိုယ်လုံးသေးသေးလေးကို လက်မောင်းတစ်ဖက်ဖြင့် ရင်ခွင်ထဲ ဆွဲသွင်းတော့ ‌အေးစက်စက်ကျွန်တော့်ခန္ဓာကိုယ်က ရုတ်တရက်ဆိုသလိုနွေးထွေးသွားသည်။

ရုပ်ရှင်ပြီးသည့်တိုင် ကျွန်တော့်ခေါင်းပေါ်မှေးတင်ပြီး အိပ်ပျော်နေသည့်ဆရာ။ ဆရာ့လက်မောင်းနှစ်ဖက်က ကျွန်တော့်ကိုဖက်ထားသည်မှာ ခပ်လှမ်းလှမ်းကကြည့်လျှင် ဆရာတစ်ယောက်တည်းကိုပင်မြင်ရသည်အထိ ကျွန်တော် ဆရာ့ကိုယ်ထဲနစ်ဝင်နေသည်။

"ဆရာ ပြီးပြီ ထလို့ရပြီ ဆရာ ...ဆရာ ထတော့လို့"

"ဟင်...အင်း ပြီးသွားပြီးလား၊ ခနလေးနဲ့ပြီးသွားတာပဲ"

သန်းဝေရင်း အကြောဆန့်ကာ ရေရွတ်နေသည့်ဆရာ။

"ခနလေးနဲ့ပြီးတာမဟုတ်ဘူး၊ ဆရာက အကြာကြီးအိပ်ပျော်နေတာ"

"အင်း မြန်မြန်ပြန်ရအောင် တော်တော်ငိုက်နေတာ"

အနွေးထည်လက်ရှည်ကို ကျွန်တော့်ကိုခြုံထား‌ပေးပြီး ကျွန်တော့်လက့်ကိုဆွဲကာ ရုပ်ရှင်ရုံထဲကထွက်လာခဲ့သည်။ ထိုညတစ်ညလုံး ဆရာကျွန်တော့်ကို ထူးဆန်းစွာ ဖက်ထားသည်။ ဘာကြောင့်မှန်းမသိပေမဲ့ ဆရာခုတလော ကျွန်တော့်အပေါ်ထူးထူးဆန်းဆန်းဆက်ဆံနေမှန်း ကျွန်တော်သတိထားမိသည်။

~~~

"ငါတို့အဆောင်မှာလေ ဘယ်ကောင်မလေးအချောဆုံးလို့ထင်လဲ"

"အကုန်လုံးတော့ချောတယ်ဟ  ဖြူစင်ထွေးဆိုတဲ့တစ်ယောက်ကိုတော့ ငါသဘောကျတယ်"

"ပုလဲဝါလည်းတော်တော်ချောတယ်နော်"

"အဲ့ဒါထက် လေသွေးကို စာခနခနလာလာမေးနေတဲ့ နှင်းနု ဆိုတဲ့တစ်ယောက်က အချောဆုံးပဲ သိလား! သိလား?"

အချွဲလေး [Completed]Hikayelerin yaşadığı yer. Şimdi keşfedin