Arc 8 part 10

596 5 0
                                    

    "Lala" မြင်ကွင်းတစ်ခုလုံးအမှောင်ဖုံးနေပြီး ပိတ်စအောက်တွင် 00 တစ်ယောက် အသက်ကိုခပ်ဖျော့ဖျော့ရှူရှိုက်ရင်း သူဝင်လာသော ခန္ဓာကိုယ်ပိုင်ရှင်မှာ Jake ဟု အမည်ရသည်မှလွဲ အခြားဘာမှမသိပါချေ။ စိတ်ထဲမှာနေ၍ lala အား ဆက်တိုက်ခေါ်နေမိသည်။ သူက ဇာတ်လိုက်မနေရာကိုဝင်ရမှာ မဟုတ်ဘူးလား ဘယ်လိုဖြစ်တာလဲလို့။

    လူသား system နှင့် စက်ရုပ် host ဖြစ်၍ တစ်ခါတစ်လေ မိမိတို့၏လုပ်ဆောင်ချက်များမှာ ကို့ရို့ကားယားနိုင်တတ်လေရာ ဒီတစ်ခါလည်း lala ဒါမှမဟုတ် သူမကအမှားတစ်ခုခုလုပ်ခဲ့မိခြင်းကြောင့် ဖြစ်လိမ့်မည်။ သို့သော် ထိုငတုံး၏အတွေးမှာ မမှန်ကြောင်း Lala ကတော့ သိလေသည်။ အကြောင်းမှာ သူတို့ဤကမ္ဘာသို့ရောက်လာပြီး 00တစ်ယောက် ဤခန္ဓာကိုယ်ထဲသို့ ဝင်သွားသည့်အချိန်၌ misaki ၏နှုတ်ခမ်းထက်တွင် အပြုံးယောင်ယောင်လေးသန်းသွားသည်ကို မျက်မြင်တွေ့လိုက်ရသောကြောင့်ပင်။ ထိုခဏ၌ Lala ၏စိတ်ထဲတွင် သွားပြီ ဟူသော စာလုံးတစ်လုံးသာ ပေါ်လာလေသည်။ ယခုမှစ၍ ဤဇာတ်ညွှန်းနှင့် ဤကမ္ဘာအား မိမိတို့ ဝင်ရောက်စွက်ဖက်နိုင်တော့မည်မဟုတ်ပေ။ ငရဲမှာတောင် ဒီလောက်ထောင်ချောက်တွေပြည့်နေမယ် မထင်ဘူး။

    ရုတ်တရက်ဆန်သော Hiraki ရောက်လာခြင်းနှင့်အတူ သူမမျှော်လင့်နေသူတို့လည်း ဆိုက်ရောက်လာပြီဖြစ်လေရာ misaki မထိန်းချုပ်နိုင်ဘဲ နှုတ်ခမ်းထောင့်စွန်းတို့အပေါ်သို့ တွန့်ကွေးသွားသည်။ နောက်ဆုံးတော့ သူမ၏ကိုယ်ပိုင်အသိစိတ်နှင့်အတူ စိတ်တိုင်းကျလှုပ်ရှားနိုင်ပြီဖြစ်သည်။ သေချာနားထောင်ကြည့်လျှင် ပိုးကြိုးမျှင်တို့ပြတ်တောက်သွားသည့်အသံကိုပင်ကြားနိုင်လေသည်။ သဘောမှာ misaki တစ်ယောက် ဇာတ်ညွှန်း၏ထိန်းချုပ်မှုမှ လွတ်မြောက်သွားခြင်းပင်။ misaki အရင်ထဲကသိနေခဲ့သည်။ သူမ၏တုံးအလှသော system တွင် ဇာတ်ညွှန်းရွေးချယ်ရန် ကမ္ဘာကိုထိန်းချုပ်ရန် အစွမ်းအစများမရှိသောကြောင့် ဤ systemမှာ မျက်နှာဖုံးသာဖြစ်ပြီး နောက်ကွယ်တွင် အခြားတစ်ယောက်ရှိနေနိုင်ကြောင်း မှန်းဆမိခဲ့သည်။

     "Lala" misaki တစ်ယောက် သူ့အား ဆက်သွယ်လာသောအခါ စိတ်တိုလွန်းသဖြင့် နှာမှုတ်မိတော့သည်။

How to flirt with the final boss 2Where stories live. Discover now