အပိုင်း ၂
တစ်ခြံတည်းဆိုပေမဲ့ အမေတို့အိမ်နဲ့ ဟေမာန်နေတဲ့ အိမ်က မနီးမဝေးလေးဆိုပါတော့ ကြားထဲက အဘွားရှိ့စဥ်ကတည်းက ဆောက်ထားပြီး အိမ်ငှားထားတဲ့ အိမ်တစ်လုံးလည်း ရှိ့နေသေးတာ အန်တီဆရာမကတော့ ညဘက် အေးလာလို့နဲ့ တူပါရဲ့ ခြေလှမ်းလေးများ သွက်နေခဲ့တယ် ကိုယ့်မှာလည်း မနည်းအမှီလိုက်ရသေးတာ ကျန်ခဲ့တဲ့ ကိုယ်သင်းရနံ့လေးက အာရုံမှာ လာလာရိုက်ခက်နေပြီ အန်တီဆရာမတော့ သိမယ်မထင်ဘူး လက်ကလေး မပိုက်ရုံတမယ် သွက်လက်တဲ့ခြေလှမ်းကလေးများသာ။ .....
''ဟို အန်တီဆရာမရယ် ခဏလေးနေပါအုံး သမီးမောနေပြီ ဖြည်းဖြည်းသွားပါ။ ''
တကယ်လည်း မောနေပြီ Hoddieဝတ်ပြီး အမှီလိုက်နေရတာ မချမ်းပဲ ချွေးတောင်ပြန်ချင်လာပါပြီ
''အိုကွယ် အပြင်မှာ လေစိမ်းတွေ တအားတိုက်နေတယ်လေ သမီးရဲ့ မေ့သွားပြီလား အပူပိုင်းဒေသက လာတယ်ဆိုတာကို လာ ဖြည်းဖြည်း အန်တီစောင့်ပေးပါမယ်ကွယ် ။''
လှေခါးထစ်တော်တော်များများကို တက်ပြီးသည်နှင့် အိမ်ရှေ့ရောက်လာပြီး အေးနေမည်ဆိုတဲ့ အသိရယ်ကြောင့် တံခါးသော့ကို မြန်မြန်လေး ဖွင့်လိုက်တယ် ထိုအခါမှ အန်တီဆရာမက ခရီးဆောင်အိတ်ထဲက ဆွယ်တာလေး ယူဝတ်လိုက်ပြီး။..
''သမီးတို့ တောင်ပေါ်ဒေသက အတော်အေးတယ်ကွဲ့ သမီးလို့ခေါ်တာလေးက ပိုအဆင်ပြေသလိုပဲ သမီးလို့ပဲ ခေါ်တော့မယ်နော် အန်တီတော့ ကြိုက်သာကြိုက်တာ ဒါပထမဦးဆုံးရောက်ဖူးခြင်းပဲကွဲ့ ညဘက်လည်း ဒီလို မြူလေးတွေ အမြဲ စိုင်းနေသလား သမီး။''
''ဟုတ်တယ် အန်တီဆရာမရဲ့ ဒါ ညအစပဲ ရှိ့သေးတာ ညနက်ရင် ပိုပြီးအေးလာမှာ အန်တီဆရာမ နေရတာ အဆင်ရော ပြေရဲ့လား။''
''ပြေပါတယ် သမီးရယ် ဒီဒေသလေးကို အန်တီအမြဲလာချင်ခဲ့တာလေကွယ် ဒီလောက်တော့ ဒဏ်ခံနိုင်ရမှာပေါ့ ဒါနဲ့ သမီးကရော ဒီလိုတစ်ယောက်တည်း အမြဲနေတာပဲလား စိက်မဆိုးရင် အန်တီကို ပြောပြနိုင်မလား''
''ပြောပြလို့ရပါတယ် အန်တီဆရာမရယ် သမီးကငယ်ငယ်ကတည်းက အမေတို့နဲ့ဆိုတာထက် အဘွားတို့နဲ့ နေတာများတယ်လေ အဘိုးကတရုတ် အဘွားက ရှမ်း သမီးတို့ ရှမ်းတရုတ် အဘိုးက သမီး ၁၀နှစ်သမီးအရွယ်မှာ ဆုံးသွားတယ် အဘွားဆုံးသွားတာတော့ ၅လလောက်ပဲ ရှိ့ပါသေးတယ်။''

ESTÁS LEYENDO
ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete)
Romanceအန်တီဆရာမက ကလေးတွေကို စာအကြောင်းပြော ပူတူးငယ်က အန်တီဆရာမကို ချစ်တဲ့အကြောင်းတွေ ပြောမယ် ဘယ်လိုလဲ။ နှင်းဟေမာန်ကျော် ချစ်တဲ့ အကြောင်းတွေပဲ စာစီမနေနဲ့ ကလေးမ အာဘွားလေးတော့ လက်တွေ့ပေးလှည့်အုံးကွယ်။ ဒေါ်မိုးမြင့်အိန္ဒြေ