အခန်း - ၅၀
Lighthouse Of Love 💜 အချစ်မီးပြတိုက်လေးမမသီတို့ရွာကို ချဲထိုးခိုင်းထားသည်ကြောင့် ပေါက်သည့်ပိုက်ဆံကို Wave Money နှင့် လွှဲပေးလေသည်။ အိမ်ကိုပြန်ရင်းမှ ပိုက်ဆံထုတ်ပေးမည်ကို သူဌေးလူကြီးကပါ အိမ်လိုက်မည်ကြောင့် လွန်းငယ်အိမ်မပြန်ချင်ဖြစ်နေရ၏။ လောပန်းနှင့်ရည်းစားတွေဖြစ်နေပြီဖြစ်ကြောင်း မနေ့တစ်နေ့ကပဲ မေမေ့ကိုအသိပေးခဲ့ပြီမဟုတ်လား။ ယခုနေ မေမေ့ရှေ့မှာနေရမှာကို ရှက်တာလိုလို၊ ကြောက်တာလိုလိုဖြစ်နေရသည့်ကြားထဲ လောပန်းကပါလိုက်မယ်ဆိုတော့ မေမေ့ကိုဘယ်လိုမျက်နှာပြရမည်လဲလေ။
"Wave နဲ့ပဲပြန်လွှဲလိုက်ကြမလားလောပန်း"
"ဘာဖြစ်လို့လဲခလေး"
"မျက်နှာပူလို့ အိမ်မပြန်ချင်ဘူး"
"ခလေးဘာလို့မျက်နှာပူတာလဲပြောပါအုံး"
ကားမမောင်းသေးပဲ ခလေးဘက်လှည့်၍ စကားဆိုလိုက်သည်။
"အဲ့တာက...ဒီအတိုင်းပူလို့ဆို လွန်းငယ် Wave နဲ့ပဲပြန်လွှဲလိုက်မယ်လေနော် နော်..."
"အကြောင်းအရင်းမရှိပဲမျက်နှာပူတာတော့ မဟုတ်သေးဘူးလေကွာ ဒါကျတော့ကိုယ်လက်မခံဘူး"
ဆူငေါက်သလိုပြောလာသည့် သူဌေးလူကြီးလေသံကြောင့် ကြောက်သလိုလေးစိတ်ထဲဖြစ်သွားရသည်။
"ဘာလို့မျက်နှာပူတာလဲ ပြောပြစမ်းပါအုံးကွ"
"ဟို...လောပန်းနဲ့ချစ်သူတွေဖြစ်နေပါပြီလို့မေမေ့ကိုပြောပြထားပြီ အဲ့တာ...အိမ်မပြန်ရဲဘူးမျက်နှာပူလို့"
မျက်လုံးလေးများက ဂနာမငြိမ်စွာဖြင့် ပုတ်ခက်ပုတ်ခက်လုပ်ကာ ပါးကလေးများရဲလာပြီး အရှက်ပိုစွာဖြေလာသူလေးကို သူစိုက်ကြည့်သည်။
"အဲ့တော့ခလေးမေမေကဘာပြန်ပြောလဲ"
"သမီးလူရွေးမှားမယ်တဲ့"
"ခလေးကရောဘာပြန်ပြောလိုက်လဲ"
"သမီးကိုလောပန်းကအရမ်းချစ်တာလို့ လူရွေးမမှားဘူး စိတ်ချပါလို့ပြောလိုက်တာပေါ့"
YOU ARE READING
Lighthouse Of Love (Completed)
Romanceအချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်