<Unicode>
ယွန်ဂီလိပ်စာရရချင်း လိုက်လာခဲ့သည် သူတို့နှစ်ယောက်ကို နှောင့်ယှက်ချင်လို့တော့မဟုတ် လုပ်စရာကိစ္စတွေ များနေလို့ ဖြစ်သည်
'' မနေ့က အသံသွင်းရမဲ့နေ့လေ မင်းအသံသွင်းဖို့ မသွားခဲ့ဘူး ´´
'' ကိုကို ကျွန်တော့်ကို လိုအပ်နေတယ် ကျွန်တော်သူ့ကို စောင့်ရှောက်ချင်တယ် ကျွန်တော်အလုပ်များနေမယ်ဆိုရင် သူ့ကို ဘယ်သူကြည့်ပေးမှာလဲ ´´
'' သူဘယ်မှ မသွားပါဘူး မင်းပဲဆုံးရှုံးရမှာ တစ်ခဏလေးအတွင်းမှာ မင်းအကုန်လုံးကို ဆုံးရှုံးသွားနိုင်တယ် ငါတောင်းပန်ပါတယ် ပြန်လိုက်ခဲ့ပါ ´´
ဂျင် ကလေးငယ်နဲ့ ယွန်ဂီတို့ စကားပြောနေတဲ့နေရာ မလှမ်းမကမ်းက သစ်တုံးတစ်ခုပေါ်ထိုင်နေပြီး စောင့်ဆိုင်းနေလိုက်သည် သို့သော် အကုန်ကြားနေရသဖြင့် သိပ်တော့ စိတ်မချမ်းသာလှ အစ်ကိုယွန်ဂီပြောသမျှကလဲ မှန်သင့်သလောက်မှန်နေတာကိုး ခဏအကြာမှာတော့ အစ်ကိုယွန်ဂီ ပြန်သွားလေပြီ ကလေးငယ်လဲ သူ့အနားရောက်လာကာ ပြုံးပြနေသည်
ကိုကိုက လူကသာ ထိုင်နေတာ သူတို့ပြောသမျှက်ို နားထောင်နေသည်ထင် မျက်နှာသိပ်မကောင်းဘူး ဘယ်လိုလုပ်ရပါ့မလဲ
'' မင်းကို ကိုယ်က ဆုံးရှုံးသွားအောင် လုပ်နေတာပေါ့ ဟုတ်လား အဲ့လိုမလုပ်နဲ့ ကလေးငယ် မင်းရဲ့ အချိန်စာရင်းကို မလွဲစေနဲ့လေ ´´
'' ကျွန်တော် ဒီမှာဘဲ ကိုကိုနဲ့ အတူရှိနေမယ် မဟုတ်ရင် ကိုကိုတစ်ယောက်ထဲဖြစ်နေမှာ ကိုကိုလုပ်ချင်တာတွေလုပ်မှာ အဲ့ဒီတော့ ကျွန်တော်မစွန့်စားနိုင်ဘူး ´´
'' ဒီတစ်ခါ မင်းယုံကြည်မှုကို ကိုယ်မဖျက်ပါဘူး ´´
'' ဒါပေမဲ့ ကိုကို.....´´
'' ငါ့အတွက်နဲ့ မင်းဘဝကို မဖျက်စီးပါနဲ့ ´´
'' ကိုကို ကျွန်တော်ဒီမှာရှိ ´´
'' မင်းကျရှုံးတာက ကိုယ့်ဘဝရဲ့အကြီးကျယ်ဆုံး ဆုံးရှုံးမှုဘဲ မင်းကိုနိမ့်ကျသွားတာ ငါမမြင်ချင်ဘူး မင်းဘယ်တော့မှ ငါ့လိုမျိုး ဖြစ်မလာရဘူး ငါ့အတွက်ဆိုရင်တောင် မဖြစ်ရဘူး ငါ့ကိုကတိပေး ´´
YOU ARE READING
Unconditional Love ( jinkook ver ) Complete
أدب الهواةငါဘယ်တော့မှ အရက်မသောက်တော့ပါဘူး ရန်လဲမဖြစ်တော့ဘူး ကလေးမကြိုက်တာတွေလဲ ဘာတစ်ခုမှမလုပ်တော့ပါဘူး ကင်ဆော့ဂျင် တစ်ယောက်ထဲချန်ရစ်မထားခဲ့ပါဘူးလို့ ကတိပေးပါ ဂျွန်ဂျောင်ကု ငါဘယ္...