အခန်း (၆)

1.2K 30 0
                                    

#အချွဲလေး

       

   မျက်လုံးနှစ်လုံးဖွင့်ဖွင့်ချင်း အိပ်ရေးဝနေသည့်မို့ ခေါင်းထဲကြည်လင်နေသည်။ လတ်ဆတ်တဲ့ ပန်းရနံ့သင်းသင်းလေးက အခန်းထဲအလုအယက်တိုးဝင်လာသည်မို့ ပန်းရနံ့ကို တဝကြီးရှူပြီး ကုတင်ပေါ်က ဆင်းလာပါသည်။

    "အင့်! "

ဘာ...ဘာဖြစ်တာပါလိမ့်။ ‌ခြေထောက်တစ်စုံက လမ်းလျှောက်ဖို့ပင် အားမရှိတော့တာမို့ ကျွန်တော် ကုတင်ဘေးမှာပင် အရုပ်တစ်ရုပ်လိုခွေခေါက်ကျသွားသည့်အဖြစ်။

"ကဲ ...ဘယ်လိုလဲ ဉာဏ်ကောင်းတဲ့ဆရာ့ကျောင်းသားလေး"

အခန်းတံခါးကိုမှီပြီး ကျွန်တော့်ကိုလက်ပိုက်၍ကြည့်ကာ စနောက်သလိုလိုဖြင့်ပြောလာသည့်ဆရာ။ အားးးညကဆရာနဲ့....။
ကျွတ်...အမှန်အတိုင်းပြောရရင် ရှက်ဖို့ကောင်းတဲ့ကိစ္စမဟုတ်လား။

"မင်းတော်တော် ပင်ပန်းသွားတဲ့ပုံပဲ အိပ်ယာခင်းလဲပြီး မင်းကိုသန့်ရှင်းရေးလုပ်ပေးတာတောင်မင်းကမနိုးဘူး"

"အိပ်ယာခင်က ..."

"သွေးစွန်းသွားတာလေ..."

"ဗျ...ဗျာ"

ကျွန်တော့်တင်ပါးကို ကျွန်တော်ယောင်၍ပင်ပြန်ကိုင်ကာ ကျွန်တော့်မျက်ဝန်းက အသစ်လဲထားသည့်မွေ့ယာခင်းဆီသို့။
ဘယ်လိုလုပ်ပြီး ...ခုနကအနည်းငယ်သာနာသည့်တင်ပါးက ခုမှပို၍နာလာသလိုပင်။ ခံစားချက်တွေကလည်း မအီမသာဖြစ်နေသည်။

မဟုတ်သေးပါဘူး။ ညတုန်းက ကျွန်တော့်အတွက် တော်တော်လေးကိုခံစားလို့ကောင်းခဲ့တာပဲလေ။

"ဒီတိုင်းပဲထိုင်နေတော့မှာလားအချွဲလေး"

"ကျွန်တော့်ခြေထောက်က ဒီတိုင်းထရပ်ဖို့တောင် အားမရှိတော့လို့၊ အဲ့ဒါ ..."

"မနေ့ညက ကြီးကြီးကျယ်ကျယ်တွေပြောတဲ့ဉာဏ်အရမ်းကောင်းတဲ့ဆရာ့တပည့် ဘယ်ရောက်သွားတာလဲ "

"ဆရာ.....၊ ကျွန်တော့်ကိုထူပေးရင် ကောင်းကောင်းထူပေးပါ အဲ့လိုကြီးတော့ ခနခနစနောက်တာတော့မကောင်းပါဘူး၊ ကျွန်တော်ရှက်တယ်"

အချွဲလေး [Completed]Where stories live. Discover now