စိန်ပန်းတို့ရှိရာ (အပိုင်း၁)

10 1 0
                                    

'နေ့လည်ခင်းတစ်ခုမှာ အဖြူရောင် t-shirt ပခုံးလက်ကျ၊
အမဲရောင်ပေါင်တိုဘောင်းဘီ၊
အဝါနုရောင်ဖိနပ်ပါးပါး နှင့်ကျောလယ်လောက်ရှိသည့်ဆံပင်ကို
မြောက်မြောက်လေးစည်းထားပုံမှာအလွန်
ပင်ကြည့်ကောင်းသည် ကောင်မလေးသည်ခေတ်ဆန်ပုံပေါ်သည်။'

'စာအုပ်များကိုအထပ်လိုက်စည်းထားသောအပေါ်၌ ကြိုးကွင်းလေးတစ်ခုရှိသည်ကိုဘယ်လက်၌ အသေအချာကိုင်ထားပြီး ညာဘက်တွင်လည်း အမဲရောင်ထီးအကြီးကြီးကိုမနိုင်မနှင်းဆောင်းထားသည်'

'မေလ လယ်ဆိုတော့အပူရှိန်အလွန်ပြင်း
သည့်အတွက် သူမသည်ချွေးတလုံးလုံးနှင့်
အလွန်ပင်မောနေသည်'

"အိမ်ရှင်တို့ အိမ်ရှင်တို့"

'အိမ်ထဲကနေ အသက်ကြီးနေပြီလို့ပြောရ
အောင်လောက်အထိမကြီးသေးတဲ့အမျိုး
သမီးတစ်ယောက်ထွက်လာသည်
ထိုအမျိုးသမီးသည် အညိုရောင်ပေါ်တွင်
လိမ္မော်နှင့်အစိမ်းရောင်တို့ပန်းပွင့်ကြီးတွေ
ပါတဲ့ စပန့်ဂါဝန်ကိုဝတ်ထားပြီး မဲနက်နေတဲ့ဆံနွယ်များကိုချထားသည်
ကြည့်ရတာခေါင်းလျှော်ထားဟန်နှင့်တူသည်'

"လာပြီ လာပြီ"
"ဒါနဲ့ဘယ်သူလဲမသိဘူးဒီကညီမလေးက"

"အော်မေမေမပြောရသေးဘူးထင်တယ်
ညီမကယုယနွယ်ပါ ဒေါ်မေသက်ထား
သမီးလေ အစ်မအမေကစာအုပ်တွေငှား
မယ်ဆိုလို့လာပို့ပေးတာ"

"အော်အေးအေး အိမ်ထဲဝင်အုန်း"

'ယုယနွယ်ခေါင်းတစ်ချက်ညိမ့်ပြပြီး
အိမ်ထဲသို့အသာအယာဝင်လာသည်။
အိမ်ကြီးကရှေးဟောင်းအိမ် သဏ္ဏာန်ပင်
အညိုရောင်ခမ်မှိုင်းမှိုင်းကို အလွန်လည်း
မကျယ်အလွန်လဲမကြီး အသင့်အတင့်ပင်'

'ဧည့်ခန်းထဲကလက်တင်ကုလားထိုင်ပေါ်
တွင်သတင်းစာဖတ်နေဟန်တူတဲ့
သက်ကြီးပိုင်းအရွယ်အန်တီတစ်ယောက်'

"အော်သမီး ယုယနွယ်မလား သမီးတောင်
အရွယ်ရောက်လာပြီပဲ အန်တီတို့တွေ့တုန်းကသမီးကသေးသေးလေးရှိသေးတာ"

'ယုယနွယ်ကရီပြလိုက်ပြီး'

"ဟုတ်ကဲ့ အော်စာအုပ်တွေကလေမေမေက
အေးအေးဆေးဆေးဖတ်ပြီးအဆင်ပြေမှ
ပြန်ပေးပါတဲ့"

You've reached the end of published parts.

⏰ Last updated: Oct 27, 2023 ⏰

Add this story to your Library to get notified about new parts!

စိန်ပန်းတို့ရှိရာWhere stories live. Discover now