"ဂျွန်!"
ဦးစေပိုင်အိမ်ရှေ့မှ မင်းစေပိုင်(JONH)အားဒေါသတကြီးလှမ်းခေါ်လိုက်သည်။
"ဘာလဲဗျာ...ဂိမ်းဆော့နေတယ် လူကြီးတွေများ စိတ်ဓာတ်ဘဲ"
"အေး မင်းမလာရင်ငါလာပြီ..."
ဦးစေပိုင်တစ်ယောက် ဂျွန်ရှိတဲ့ ဧည့်ခန်းထဲသိုဝင်လာခဲ့သည်။
"မင်းစေပိုင် ဖုန်းချစမ်း..."
"ဟာဗျာ...rankဆော့နေတာ"
"ခုချက်ချင်း ဖုန်းကိုချစမ်း၊မတ်တပ်ရပ်..."
ဂျွန်တစ်ယောက်ဦးစေပိုင်၏ဒေါသကိုသိတာကြောင့် မတ်တပ်ထရပ်လိုက်သည်။
"လက်ပိုက်! "
ဦးစေပိုင်၏ အာမေဋိဒ်သံေကြာင့် ဂျွန် ချက်ချင်းလက်ပိုက်လိုက်သည်။
"ဒီနှစ်လဲကျပြန်ပြီပေါ့.."
"......"
"မေးတာကိုဖြေလေ "
"အင်း ကျတယ်"
"မင်းဘယ်နှစ်အောင်မှာလဲ....."
"ကျွန်တော်ဘလိုသိမှာလဲဗျာ..."
"ငါလုပ်လိုက်ရ ရွဲ့ပြောလို့ပြောမှန်းမသိဘူး
မိဘကအလိုလိုက်တော့ ဒင်းကလုပ်ချင်ရာလုပ်....ဟုတ်နေတာဘဲဟေ့"".........."
"ခုကျမင်းအသံက မင်းပထွေးတွေဆီပါသွားတာလား"
"ကျွန်တော်ပြောလဲ အဖေကဆူဦးမှာဘဲ ဘာမှမပြောတော့ကျွန်တော်လေမကုန်တော့တာပေါ့"
"ငါ နားရင်းအုပ်လိုက်ရ၊အဲ့လောက်ရိုင်းအောင်ဘယ်ပထွေးကသင်ပေးခဲ့တာလဲ"
".........."
"ဆရာတွေခေါ်တာလဲများနေပီ၊မင်းပိုင်စေ မင်းဘယ်တော့မှလိမ္မာမှာလဲ မင်းသူငယ်ချင်းတွေဆိုခုတက္ကသိုလ်နော်ဆုံးနှစ်မှာ မင်းမရှက်ဖူးလား"
"မရှက်ပါဘူး၊ရှက်ရအောင်ကျွန်တော်ကဘောင်းဘီချွတ်ပြီးပတ်ပြေးနေတာမှမဟုတ်တာ"
"အေး ဒီတစ်ခါစာေမးပွဲကျရင် ဘောင်းဘီချွတ်ပြီးပတ်ပြေးခိုင်းမယ်၊မင်းစေပိုင်!ငါ့အကြောင်းသိတယ်နော်..."
YOU ARE READING
Private existence( သီးသန့်ဖြစ်တည်မှု )
Romance18+ BL Fiction Unicode onlyပါ နောက်ပိုင်း zawgyiပါဖတ်လို့ရအောင်လုပ်ပေးပါမယ်။