Part 6.2

389 45 4
                                    

Unicode Version

(နောက်တကြိမ် ပြန်ရေးခြင်းပါ 🥺)

လေးလံနေ သော မျက်ခွံ့များကြောင့် မျက်လုံးဖွင့် ရန် ခက်ခဲနေသည့် အခါတွင် တော့ သူမရဲ့ စိမ်းသက်နေ‌သော နေရာဆိုသည့် အသိက မရ မက မျက်လုံးဖွင့် ရန် ကြိုးစားသည်။

ဖွင့် လို့ရသည့် အချိန် အဖြူရောင် အဝတ်ပါး တို့ အမိုးဆီမှ တွဲကျနေသည့် မြင်ကွင်းက သူမ လှဲနေသည့် Queen Size ကုတင် ကို လွှမ်း ခြုံထားသည်။ မည်သည့် ဘက်ကို ခေါင်းဦးတည် ထားလဲ မသိပေမယ့် သူမရဲ့ ညာဘက်ကိုတော့ ကုတင်ပေါ်ကဆင်းလို့ ရသည့် အနေအထားရှိသည်

ထိုဘက်တွင် နှစ်ချပ်ဖွင့် တံခါး တချပ်ရှိသည်။ တံခါး အမြင့်က ၁၀ ပေ အထပ် မြင့် သည်။

အမိုးတွင်တော့ မျက်နှာကြပ် ကပ်ထား သည်လား။ မသဲကွဲ။ အပြင်ဘက်က အလင်းရောင် ဝင်ရောက် ခွင့်မရှိအောင် အလုံပိတ်အဆောက် အဦးဖြစ်နိုင်သည့် အပြင် လူသား ဖြစ်တဲ့ သူမ အတွက်တော့ လေ ကလုံလောက်မှုရှိသည်။ ကုတင်ကနေ မလှမ်းမကမ်း အနိမ့်ပိုင်းတွင် ရေကန် တခုရှိပြီး အနီရောင် နှင်းဆီပွင့်ချက် များက ရေပေါ်တွင် ဖျန့်ကျဲခံထား ရသည်။

ကုတင်ပေါ်က ဆင်းလိုက်တော့ လှေကားထစ် အကျယ် လေးထစ် မျှဖြတ်ကျော်ပြီးချန် ရေကန် ဘေးကို ရောက်သည်။ တည်ငြိမ်နေသော ရေမျက်နှာပြင်ကြောင့် ကြက်သီးပင် ထလာသည်။

ရေနွေးငွေ့တို့ ရစ်သိုင်းနေသည့် အတွက် ကျောချမ်းစရာပင်။ အခန်းကျယ်အတွင်း မည်သည့် ပရိဘောဂမှ မရှိသည့် အတွက် ထူးဆန်းနေသည်။ ထောင့်လေးထောင့် တွင် မီးလင်းစေရန် အလင်းကျောက်တုံးများ နရံပေါ် တွင် တည်ရှိနေသည်။

သူမ ကုတင်ဘေးတွင်တော့ မီးလင်းနေသည့် ဖန်လုံးတလုံးရှိသည်။ မည်သည် ကရတဲ့ အလင်းရောင်လဲ မသိ။ အခန်းတခုလုံးက လင်းချင်းနေသည်။

တံခါးတွေ့သည်နှင့် ထွက်သွားဖို့ရန်က သူမ ရဲ့ပထမဦးစားပေး ဖြစ်သည်။ ထို့ကြောင့် တံခါးဆီသို့ ခက်သုက်သုတ် လျောက်လာပြီး တံခါးလက်ကိုင်ကို ကိုင်လိုက်ချိန်ပဲ လှမ်းမမိလိုက်။

တစုံတခုက အနောက်မှဆွဲထားသလိုပင်။ အမှန်ပင်။ သူမရဲ့ ညာခြေထောက်မှာ နွယ်ကြိုး တခုရစ်ပါတ်နေ၍ သူမ ဖြေရန် ကိုယ်ကို ကိုင်းလိုက်စဉ် တဖြေးဖြေး အရောင်မှိန်ကာ ပျောက်ပျက်သ‌ွားသည်။ ခြေပြန်လှမ်း တော့ ဆွဲထားသည့် ခံစားချက် မရှိတော့ပါ။

အလင်းတန်း (Light for you) CHAPTER (1) GL (Z+Uni)Wo Geschichten leben. Entdecke jetzt