အခန်း (၇)

1.1K 20 0
                                    

#အချွဲလေး

   

  "ခုနောက်ပိုင်း ဆရာက ငါတို့ကို ဒဏ်ရာပေးလိုက် ဆေးပေးလိုက် လုပ်နေသလိုပဲ"

"ဟုတ်တယ် ဟုတ်တယ်၊ အမှတ်စာရင်းပြပြီးကတည်းက လုပ်ခိုင်းလိုက်တဲ့စာတွေ၊ တစ်လစာဖြေရမဲ့ စာကို ခုကြည့် ဟိုးနှစ်စကတည်းက သင်ထားတဲ့စာတွေပါပြန်ဖြေခိုင်းတာ"

"နှစ်ဝက်စာမေးပွဲထက်အခြေအနေဆိုးနေတယ်"

"ဆရာတွေက စိတ်ပူလို့ပါကွာ၊ မင်းတို့ကြည့် ငါတို့အခန်း-၁က ခြောက်ယောက်ထဲမှာ လေသွေးက အတော်ဆုံး မင်းတို့နှစ်ယောက်က Dနှစ်ခုထွက်ပြီး ကျန်တဲ့ဘာသာတွေက ဂုဏ်ထူးမှတ်ကနေ ပြုတ်လာတယ်လို့ဆရာကပြောတယ်မလား?ငါနဲ့ ကျန်တဲ့နှစ်ယောက်က တစ်ဘာသာကို အမှတ် ၅၀ကျော် ၆၀နှုန်းနဲ့၊ စိတ်ပူရတဲ့အခြေအနေကြီးကို"

"ဝေလွင်ပြောတာမှန်တယ် ဆရာက ငါတို့တွေကိုအောင်‌ေစချင်လို့ ဒီလိုအပင်ပန်းခံပြီးလုပ်ပေးနေတာ"

ထုံးစံအတိုင်းလပတ်စာမေးပွဲဖြေပြီးတိုင်း အခန်းဖော် အချင်းချင်းအမြင်ဖလှယ်ရင်း စကားဝိုင်းဖွဲ့ပြောနေသည်။

ခုက အပြင်ထွက်လမ်းလျှောက်ရမည်ဟု ဆရာက မှာထားသောကြောင့် ပြင်ဆင်စရာရှိသည်များကိုပြင်ဆင်ကြသည်။

"ငါက ဘောလုံးသွားကန်ရမယ်ထင်နေတာ"

"လေကောင်းလေသန့်ရှူဖို့နဲ့ မျက်လုံးအနားပေးဖို့ တောင်တန်းတွေဆီသွားခိုင်းတယ် ၊ငါတော့တော်တော်သဘောကျတယ်"

"အဲ့ဒီတောင်တန်းက ရှု့ခင်းလှတယ်၊ ပြီးတော့ တစ်မြို့လုံးကို အပေါ်စီးကနေမြင်ရဦးမှာ ညနေဘက်နေဝင်တာကြည့်ဖို့လည်းအချိန်ရသေးတယ် ပျော်စရာကြီး"

ကျောင်းသားများထံမှ မှတ်ချက်မျိုးစုံထွက်လာကြပြီး ၊ အဆောင်နှင့် သိပ်မဝေးလှသည့် ××××တောင်တန်းဆီသွားဖို့ ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။

ဒီရက်ပိုင်း ဆရာ့ကို အဆောင်မှာသိပ်မတွေ့ဖြစ်တော့ပေ။ မနက်စာချက်ပြီးသည်နှင့် ပြင်ဆင်ပြီးအပြင်ထွက် ည ၉နာရီ ၁၀နာရီလောက်မှအဆောင်ပြန်လာတတ်သည်။ ဆရာဘာအရေးကြီးကိစ္စရှိလို့ နောက်ကျမှန်းကျွန်တော်သေချာမသိပေမဲ့ ခု‌တလော ကျွန်တော့်မသိစိတ် ခံစားချက်တချို့က ကောင်းမနေပါ။

အချွဲလေး [Completed]Hikayelerin yaşadığı yer. Şimdi keşfedin