“အင်း ...သောက်လို့မဆိုးဘူး
မင်းချက်တတ်သားပဲထမင်းစားဝိုင်းမှာ masterchef ပြိုင်ပွဲ၀င်တွေလိုမျိုး ဟင်းပွဲအဆင်ပြေဖို့ ဆုတောင်းရင်း
ဒိုင်တွေရဲ့အဆုံးအဖြတ်ကိုကြားရဖို့ မတ်တပ်ရပ်နေရတာ တစ်ကမ္ဘာလောက် ကြာသွားသလိုခံစားရသည်။“Haruto မင်းသောက်ကြည့်ပါလား ...
သူ့လက်ရာမဆိုးဘူးဦးလေးက နောက်ထပ်လက်ပေါက်ကပ်တဲ့ ဒိုင်ရှေ့ကို ပန်းကန်ကို တွန်းပို့လိုက်သည်။
“ကျွန်တော် မဆလာအနံ့မကြိုက်ဘူး
အနံ့နဲ့တင် ဒိုင်တစ်ယောက်ထံမှာAsahi ဟင်းပွဲက ရှုံးသွားခဲ့ပြီ...
.ဒါပေမဲ့ သူ့ရဲ့နောက်ထပ်ဟင်းတစ်ပွဲဖြစ်တဲ့ ပုဇွန်တန်ပူရာကြော်ကိုေတာ့ Haruto ဟာခဏခဏယူကာ စားနေသည်။“Asahi ...Arashiလား
နောက်ဆို မင်းငါကြိုက်တာတွေ ချက်ပေးရမယ်..မင်းကို ဒီအိမ်မှာ စာဖိုမှုးရာထူးပေးလိုက်ပြီ“ဗျာ ...
တာ၀န်ပေးလိုက်တဲ့ ဦးလေးကြောင့်Asahi လန့်ဖြန့်သွားသည်
ယခုဟင်းပွဲတွေက ကြက်ကန်းဆန်အိုးတိုးသွားပေမယ့် နောက်တစ်ခေါက်ဆို အရသာမကောင်းလို့ ဘယ်တော့ ဇွန်းနဲ့ အခေါက်ခံရမလဲမသိ“မင်းစားနေတဲ့ ပုဇွန်တန်ပူရာကြော်ကလည်း Asahiလုပ်ပေးထားတာလေ
ဘယ်လိုလဲ အရသာကောင်းတယ်မလားHarutoလက်လှမ်းနေတဲ့ ပုဇွန်တန်ပူရာကို ရှောင်ဖယ်လိုက်တယ်။
“ဘာအဆိပ်မှ ခတ်မထားပါဘူးနော်
ရဲရဲသာစား ...Asahiထပ်ပြောလိုက်ပေမယ့် Harutoက တစ်ခြားဟင်းတွေကိုသာ ဆက်စားနေတော့တယ် ။ ရှက်သွားတာလားပင် မသိ
“ဘယ်လိုလဲ သူ့ကို စာဖိုမှူးတာ၀န်ယူခိုင်းလိုက်ရမလား
“ဘာအလုပ်မှ မလုပ်တတ်တော့လည်း ဒါပဲလုပ်ခိုင်းစရာရှိတာပေါ့
ဒါပေမဲ့ ဦးလေးတော့ ကြီးကြပ်ပေးလိုက်ဦး
သူ့ကြည့်ရတာ ကျွန်တော်မီးဖိုချောင်ကို မီးလောင်တိုက်သွင်းမယ့် သဘောရှိတယ်“အဲ့တာတော့ စိတ်ချပါ
ငါ့အပင်တွေ သူနှုတ်ပစ်ပြီးထဲက သူ့အရည်အချင်းကို သဘောပေါက်ထားပြီးသား

YOU ARE READING
my business partner (Haruto + Asahi)
Fanfictionငွေမျက်နှာပဲကြည့်တဲ့Harutoဆိုတဲ့ကောင်လေးနဲ့ ဘ၀ကိုပေါ့ပေါ့ပါးပါးဖြတ်သန်းတဲ့Asahiဆိုတဲ့ကောင်လေး တစ်နေ့မှာ အကြွေးဆပ်ဖို့ Haruto အိမ်ကို Asahi ရောက်သွားသောအခါ.... #ဟာဆာဟိ [Zawgyi + Unicode]