#အရာရာကိုးလ်
{ 🖤
နင်သိလား? ငါ့ရဲ့ပထမဆုံးအလုပ်စဝင်တဲ့နေ့မှာ ဘာတွေကြုံတွေ့ရလဲဆိုတာ }
ဖုန်း contacts ထဲမှာမှ အသဲနက်ရောင်ဖြင့် မှတ်ထားသည့် တစ်စုံတစ်ဦးထံ ဦးစွာ SMS ပို့နေမိသည်။
ထို့နောက် ချက်ချင်းပင် ထိုတစ်စုံတစ်ယောက်က ဖုန်းတန်းဆက်လာသည်။
"ပြောစမ်းပါဦး ၊ ပထမနေ့ရဲ့ အတွေ့အကြုံကို "
အသံလေးက ချိုပြီး 'ဘို'သံပေါက်နေသည်။ အလေးအနက်ထား၍ပြောဆိုပြုမူတတ်သည့် လူမှန်း အသံမှတဆင့် ခံစားမိနိုင်သည်။
"လုပ်ဖော်ကိုင်ဖက်အသစ်တွေအများကြီးရတယ်၊ သဘောကောင်းပြီးတော့လေ ငါ့ကို အရမ်းဂရုစိုက်ကြတာ၊ ဒါပေမဲ့လေ သိလား? ခရမ်းချဉ်သီးမျက်နှာ ၊အာလူးခန္ဓာကိုယ်နဲ့ မန်နေဂျာ ကတော့ တကယ် အကျင့်ပုပ်တယ်၊ ငါလေ ငါအလုပ်လျှောက်တုန်းက စာရင်းကိုင်လို့လျှောက်ထားတာကို အလုပ်လည်းဆင်းရော ငါ့ကို ဘာလုပ်ခိုင်းလဲ သိလား! Photo editingလုပ်ခိုင်းတာ၊ နင်စဉ်းစားကြည့် ဘယ်လောက်ထိ အကျင့်ယုတ်လဲဆိုတာ၊ ငါဆိုတဲ့လူကလည်း ပုံတောင်မရိုက်တတ်လို့ onlineပေါ်ကို Animeပုံတွေပဲရွေးတင်တဲ့ကောင်ပါဆို"
အဆက်မပြတ်တိုင်ချက်ဖွင့်နေမိသည်။ တဖက်လူက ချစ်သူကောင်လေး မို့ပင်။
"အရမ်းကြီးလည်းဒေါသမထွက်နဲ့ ၊ Photoshopနဲ့ပက်သက်ပြီး သင်ပေးမှာမို့ မကြာခင် လုပ်ငန်းခွင်မှာ အဆင်ပြေလာလိမ့်မယ်"
"အင်းပါ၊ နင်အခုအလုပ်မှာပဲလား?"
"အိမ်မှာ..."
"သက်သောင့်သက်သာရှိနေလိုက်တာ ငါ့မှာတော့ ဘယ်အချိန်မှ ရောက်လာမယ်မှန်းမသိတဲ့ကားကိုစောင့်နေရတာ"
"Taxi ငှားထားပေးလိုက်မယ်၊ နောက် ၂မိနစ်နေ မင်းရှေ့ရောက်လာလိမ့်မယ် "
"ကျေးဇူး"
"တစိမ်းတွေမှမဟုတ်တာ "
ဟုတ်တာပေါ့ ချစ်သူတွေပဲလေ။
ဪ ...ဒါနဲ့ ကျွန်တော်က ဇင်ယောကိုးလ်ပါ၊ အသက်က ၂၂ပေါ့၊ ဒီဇင်ဘာ22ရက်နေ့ ညရဲ့ 22:00 PM မှာမွေးတာ၊ တစ်ဦးတည်းသော သားလေ ကျွန်တော်က။
أنت تقرأ
အရာရာ ကိုးလ်
عاطفية{Mine ကိုယ်တိုင် စိတ်ကူးပုံဖော်ထားရုံသက်သက်မို့လို့ လက်တွေ့ဘဝနဲ့ ကွာခြားပါမယ်၊ roပြီး မှောင်မဲ့ ficလေးပါနော်၊ Mine wattpadကိုသေချာမသုံးတတ်သေးတာမို့လို့ တစ်ခုခုအလွဲတွေလုပ်မိခဲ့တာရှိရင် သည်းခံပေးပါလို့ ☘️}