1146 - 1150

166 2 0
                                    

စစ်ဧကရာဇ်(Chapter:1146)
(အမျက်ဒေါသ)
........................
     အရိပ်ရဲ့ အသံက အချိန်အနည်းငယ် ကြာသည်အထိ တိတ်ဆိတ်သွားခဲ့သည်။ သူက လီကွမ်ရီကို တစ်ချက်ကြည့်သည်။ ပြီးနောက် ဖြည်းဖြည်းချင်း ပြန်ပြောသည်။
     "ဒီတွင်းနက်ထဲကနေ ငါလွတ်မြောက်ဖို့ပဲ လိုတာ၊ ငါ့ရဲ့ မူလအခြေအနေကို ပြန်ရဖို့ဆိုတာက ငါ့ရဲ့ ကြိုးစားမှုအပေါ် မူတည်ပြီး အောင်မြင်လာလိမ့်မယ်၊ အဲ့ဒီအချိန်ကျရင် ကမ္ဘာကိုးခုလုံးကို ပြန်ပြီး စိုးမိုးနိုင်ဖို့က ငါ့အတွက် မခက်ခဲတော့ဘူး"

     "ဒီတွင်းထဲကနေ လွတ်မြောက်သွားရင်လား ..."လီကွမ်ရီက ပြုံး၍ ဆက်ပြောသည်။
     "ဘယ်လိုလုပ်မှာလဲ၊ အခု မင်းဆီမှာ ဘာတွေ ရှိနေသေးလဲ၊ ဒီရွံစရာကောင်းတဲ့ မြေအောက်စွမ်းအားကို ပြန်သန့်စင်ပြီး ကမ္ဘာကိုးခုကို အုပ်စိုးမှာလား၊ ဒါက လေထဲ တိုက်အိမ်ဆောက်နေတာနဲ့ အတူတူပဲ"

     "မင်းက အရင်တုန်းကလို မဟုတ်တော့ဘူး"လီကွမ်ရီက အရိပ်ကို ကြည့်ပြီး ဆက်ပြောသည်။
     "မင်းက အားကောင်းတဲ့ တော်ဝင်ဧကရာဇ် မဟုတ်တော့သလို အတိတ်ကလို စွမ်းဆောင်နိုင်စွမ်းလည်း မရှိတော့ဘူး၊ အရှင်းလင်းဆုံး ပြောရရင် မင်းက အတိတ်ရဲ့ ဖြစ်ရပ်အပေါ် နာကြည်းအမျက်ထွက်ပြီး ဖြစ်တည်လာတဲ့ အရိပ်တစ်ခုလေးပါ၊ အဲ့ဒီထက် ဘာမှ မပိုဘူး ..."

     "ဟမ် ... သောက်ရူးကောင်၊ ငါက ကမ္ဘာကိုးခုကို ကာကွယ်တဲ့ တော်ဝင်ဧကရာဇ်တစ်ပါးကွ ..."လီကွမ်ရီရဲ့ စကားမဆုံးခင်မှာပင် အရိပ်ရဲ့ ဒေါသတကြီး အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။

     "ဟုတ်လား၊ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပါဦး၊ မင်းရဲ့ပုံစံက တော်ဝင်ဧကရာဇ်တစ်ယောက်နဲ့ တူနေသေးလား"လီကွမ်ရီက ခေါင်းခါလိုက်ရင်း ဆက်ပြောသည်။
     "လက်တွေ့ကျကျ ကြည့်ပါ၊ အခုအချိန်မှာ မင်းက ဘာမှ မဟုတ်တော့ဘူး၊ အမြန်ဆုံး နိုးထပါတော့၊ အခုလက်ရှိ မင်းရဲ့ ပုံစံက ဘာနဲ့တူနေသလဲဆိုတာကို ငါတောင် တိတိကျကျ မပြောပြတတ်ဘူး"

     "မင်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့သူလား၊ ကမ္ဘာကိုးခုကို ကာကွယ်နိုင်တဲ့သူလား ... ဒါမှမဟုတ် မင်းရဲ့ သမီးကို ကာကွယ်နိုင်တဲ့သူလား ..."လီကွမ်ရီက အရိပ်ကို ပြုံး၍ ကြည့်လိုက်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးDonde viven las historias. Descúbrelo ahora