🧡အတိတ်မေ့ ခင်ပွန်း🧡Part 4
ဒီပယံ နိုးလာတော့ ဖြူနုနုလက်လေးကို အရင်တွေ့လိုက်ရလေသည်
"ဟီး..."
ပန်ပန်ပါဘဲ သူမဟာ သူ့မျက်လုံးကို ထိုးနေတဲ့ နေရောင်ခြည်ကို ကွယ်ပေးထားခြင်းဖြစ်သည်
"လက်ညောင်းနေမှာပေါ့..."
သူ သူမလက်လေးအား ကိုင်ကာ ပြုံးလေတော့ သူမဟာ သူ့လက်မောင်းအားဖက်ကာ တိုးဝှေ့ပြန်သည်
"ပန်ပန် ဗိုက်ဆာနေပြီ...."
အဲ့တော့မှ ဒီပယံလည်း ထလိုက်သည်
"ချမ်း ချီ ချီ...."
သူ့အား ချီရန် ပြောနေတဲ့ ပန်ပန်အား သူခါးထောက်ကာ ကြည့်မိသည်
ဒီကလေးမလေးက ဟိုနေ့က သူချီကတည်းက မကြာခဏ ချီခိုင်းနေတော့တာပါဘဲ
သူလည်း ကလေးလုပ်နေတဲ့ ကလေးအမေအား သူမအလိုကျ ချီပွေ့လိုက်တော့ သူ့မေးဖျားဆီရောက်လာတဲ့ အနမ်းနုနုများ......
သူမဟာ သူ့အား ပြုံးရွှင်စွာကြည့်နေလေသည်
'ဒီလို အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ကောင်မလေးကို ဘာလို့များ စွန့်ပစ်ခဲ့တာလဲ....'
သူတို့အောက်ရောက်တော့ ထမင်းစားဝိုင်းမှာ အသင့်ရောက်နေပီဖြစ်တဲ့ နေခြည်အား တွေ့လိုက်ရသည်
"နေခြည်..."
"အမလေး ကလေးမေမေ...."
နေခြည်က ပန်ပန်အား ညီမလေးတစ်ယောက်လို ခင်စွာ စလေသည်
ပန်ပန်ကတော့ ပါးဖောင်းကာ လက်ပိုက်၍ ဟိုဘက်လှည့်နေသည်
"ကြည့်ရတာပန်ပန်က ဒါမလိုချင်တော့ဘူးထင်တယ်..."
နေခြည်က အမွှေးပွအရုပ်အသေးလေးအား ထောင်ပြတော့မှ ပန်ပန်က မျက်လုံးလေးတွေလက်ကာ ဆွဲလုလေသည်
နေခြည်လည်း ပေးလိုက်တော့မှ သူမက အမွှေးဖွားလေးတွေကို သူမပါးနဲ့ကပ်ကာ ပွတ်သပ်နေသည်
နေခြည်လည်း မနက်စာ စားပြီးတာနဲ့ ပုံမှန်စမ်းသပ်မှုများ ပြုလုပ်ပေးခဲ့သည်
"သူမ အဆင်ပြေရဲ့လား ကလေးအခြေအနေရော..."
နေခြည်ကတော့ ကလေးအဖေလိုပြုမူနေတဲ့ ဒီပယံကြောင့်ရယ်ချင်မိသည်
YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Romanceစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....