1256 - 1260

84 2 0
                                    

စစ်ဧကရာဇ်(Chapter:1256)
(အရိုးများ ကြေမွခြင်း)
...................................
     လီကွမ်ရီသည် ငြိမ်သက်စွာသာ ထိုင်နေခဲ့၏။ ကျန့်ရှောင်ထျဲ၏ မေးခွန်းကိုလည်း ပြန်ဖြေခြင်း မရှိပေ။

     အားလုံးမှာ လီကွမ်ရီ၏ အပြုအမူကြောင့် ထိတ်လန့်သွားခဲ့ကြသည်။

     ကျောက်စားပွဲပေါ်မှ စစ်တုရင်ပွဲသည် အတော်လေး စိတ်ပျက်ဖွယ် ကောင်းသည်။ ကလေးလေးတစ်ယောက်က ကြုံရာကျပန်း ကစားနေသည့်အလား ...။ ဤသို့သော စစ်တုရင်ကစားနည်းကို မြင်ဖူးသူပင် မရှိလောက်ပေ။

     တစ်ဖက်တွင် ရှိနေသည်က မိန်းကလေးတစ်ယောက်၏ ရုပ်တုဖြစ်သည်။ ရုပ်တု၏ မျက်နှာကိုမူ အသေအချာ မမြင်ရပေ။ ဒါသည် ပန်းပုဆရာ ညံဖျင်း၍ မဟုတ်၊ ရုပ်ထုရှင် မိန်းကလေး၏ အလှကို အခြားသူတွေ မမြင်စေချင်၍ ဖုံးကွယ်ထားခြင်းသာ ဖြစ်၏။ လွီ‌ရှန်တောင်သည် တိမ်တွေကြားထဲ ပျောက်ကွယ်နေသလိုပင် သူမ၏ အလှကလည်း လွီရှန်တောင်လို ဖုံးကွယ်ထားခြင်းသာဖြစ်၏။

     လီကွမ်ရီသည်လည်း ကျောက်ရုပ်တုလိုပင် မတုန်မလှုပ် ထိုင်နေခဲ့၏။

     "အစ်ကိုလီ၊ ဒီထဲကို ဘယ်လိုဝင်လာတာလဲ"ကျန့်ရှောင်ထျဲက မေးလိုက်သည်။ သူက ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်၏။ လီကွမ်ရီကလွဲပြီး မည်သူမှ မရှိ၍ သူ့ကို အံ့အားသင့်စေခဲ့သည်။ အကြောင်းမှာ ဒီခြံဝင်း၏ တံခါးကို ကျန့်အိမ်တော်၏ လူတွေသာ ဖွင့်နိုင်ကြသည်။ ပြင်ပလူတွေ မလုပ်နိုင်ပေ။ ထို့ကြောင့် တစ်ယောက်ယောက်က လီကွမ်ရီကို ဖွင့်ပေးလိုက်သည်ဟု ထင်မှတ်၍ ခြံထဲ ရှာကြည့်မိခြင်း ဖြစ်သည်။

     လီကွမ်ရီမှာမူ မတုန်မလှုပ် ငြိမ်သက်နေဆဲ ...။ စစ်တုရင်ပွဲထဲ ဈာန်ဝင်နေသည်လားမသိ။ အကြောင်းရင်းကိုတော့ သူကိုယ်တိုင်သာ သိပေလိမ့်မည်။

     မနက်အစောကြီး ထွက်သွားပြီးနောက် ဒီနေရာကို လာပြီး စစ်တုရင် ကစားနေမည်ဟု မည်သူက ထင်ထားမည်နည်း။ ထို့အပြင် စစ်တုရင် ကစားဟန်က အားလုံးကို စိတ်ရှုပ်ထွေးစေခဲ့သည်။ ကြုံရာကျပန်း ရွေ့ထားသည့် ကစားကွက်တစ်ခု၊ စည်းစနစ်လည်း မကျပေ။ ဒါက အားလုံးကို ဆွံ့အမှင်တက်နေစေခဲ့၏။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးNơi câu chuyện tồn tại. Hãy khám phá bây giờ