1331 - 1335

95 4 0
                                    

စစ်ဧကရာဇ်(Chapter:1331)
(ခမ်းနားသောပင်လယ်မင်းဆက်၏ ဘုရင်)
...............................................................
     လီကွမ်ရီနှင့် တာအိုနေသခင်တို့ စကားပြောနေစဥ် ဆူညံသံအချို့ ထွက်ပေါ်လာခဲ့၏။ ကောင်းကင်ထက်မှ လူတစ်ယောက် ဆင်းသက်လာခဲ့၏။ ထိုသူ ရောက်ရှိလာခြင်းက အနီးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။

    ယခု ရောက်လာသူက လူငယ်လေးတစ်ယောက် ဖြစ်သည်။ နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းထက်၌ ဧကရာဇ်သရဖူတစ်ခုကို ဆောင်းထားသည်။ ခန္ဓာကိုယ်အနှံ့မှလည်း ဧကရာဇ်တစ်ပါးအလား ​ကြောက်မက်ဖွယ် အရှိန်အဝါတွေကို ထုတ်ဖော်နေခဲ့၏။

    လူငယ်လေး၏ ခန္ဓာကိုယ်ကို မရေမတွက်နိုင်သော မှော်စက်ကွင်းလေးတွေ လှည့်ပတ်နေကြသည်။ မှော်စက်ကွင်း တစ်ခုချင်းစီက တောက်ပသည့် ရောင်ဝါတွေ ထုတ်လွတ်နေခဲ့ကြ၏။ ထို့ပြင် တစ်ခုချင်းစီ၏ အလယ်၌ လွန်စွာ အားကောင်းသည့် နတ်ဘုရားတစ်ပါး ရှိနေသည့်နှယ် ထင်မှတ်ရသည်။

    မှော်စက်ကွင်းအားလုံးကို ပေါင်းစပ်လိုက်ချိန်၌ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုပုံရိပ်သည် အဆမတန် များပြားသည့် သွေးသားစွမ်းအင်တွေ စုစည်းရာမှ အခြေတည်လာပုံပေါ်သည်။ ၎င်းသည် အရိပ်တစ်ခု ဆိုခြင်းထက် အစစ်အမှန် နတ်ဘုရားတစ်ပါးနှင့် ပိုပြီး တူသည်။ ထိုပုံရိပ်က လူငယ်လေး၏ နောက်ကျောတွင် ရပ်ပြီး တိတ်တဆိတ် ကာကွယ်ပေးနေသည့်အလား ထင်မှတ်ရပေသည်။

    သေချာသည်မှာ လူငယ်လေး၏ အနောက်တွင်ရှိသော ပုံရိပ်သည် စကြာဝဠာအဆင့် ကျင့်ကြံသူတွေကိုပင် ဖိအားတွေ သက်ရောက်စေခဲ့သည်။ လူငယ်လေးကိုယ်တိုင် တစ်ခုမှ လုပ်စရာမလိုပေ။ ထိုပုံရိပ်တစ်ခုဖြင့်ပင် တော်ရုံရန်သူတွေကို နင်းချေဖျက်ဆီးပစ်နိုင်စွမ်း အပြည့်ရှိပေသည်။

    "သူက စစ်မှန်သော နတ်ဘုရားစစ်သည်တော်အဆင့်ကို ရောက်သွားပြီ ..."အတွေ့အကြုံ ရှိသော ကျင့်ကြံသူအချို့က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ရေရွတ်လိုက်ကြသည်။ သူတို့အားလုံးက လူငယ်လေး၏ အနောက်၌ မထင်မရှား ရှိနေသည့် အရိပ်၏ အဓိပ္ပာယ်ကို နားလည်ကြသည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးNơi câu chuyện tồn tại. Hãy khám phá bây giờ