#အချွဲလေး
ဒီနေ့နဲ့ဆို ကျွန်တော်ဖျားတာ ၈ရက်ရှိနေပြီး။ ဒီအတောအတွင်း ကျွန်တော် တော်တော်လေးကိုစိတ်မသက်မသာဖြစ်နေရပါသည်။
အတန်းပျက်၍မဟုတ်သလို ၊စာမလိုက်နိုင်လို့လည်းမဟုတ်။
ဘာကြောင့်လဲဆိုတော့...."အချွဲလေး ကိုင်ထားတဲ့ဘောပင်ကိုချထားလိုက်၊ ဒီဘက်ကိုလာ"
"မလာဘူး၊ ကျွန်တော်မတတ်လိုက်ရတဲ့အတန်းအတွက် စာသေချာပြန်လုပ်နေတာ "
"ခေါင်းခြောက်ခံပြီးလုပ်မနေနဲ့ဦး၊ မင်းနေပြန်ကောင်းတဲ့အချိန်ကျမှ လုပ် "
"ဆရာကလည်း တကယ်ပါပဲ ၊ ကျွန်တော့်ကို ဘာလို့ဒီလိုတွေလုပ်နေရတာလဲ"
"ဆရာမင်းကိုဘာမှမလုပ်ခိုင်းဘူးလေ၊ ခု မင်းကို ဆန်ပြုပ်ကျွေးဖို့အတင်းခေါ်နေရတာတော့ မဟုတ်သေးဘူးနော်"
"ကျွန်တော့်ကိုအစားတွေ၅မိနစ်ခြားတစ်ခါကျွေးပြီး အနုနည်းနဲ့သတ်နေတာလား ဆရာ"
"မင်းအားရှိအောင် ဆရာကျွေးသင့်တာကျွေးရမှာပဲ အချွဲလေး၊ နည်းနည်းလောက်ဖြစ်ဖြစ်လာစာစမ်းပါ၊ ဆရာကိုယ်တိုင် မင်းကိုအတင်းခွံကျွေးမှ စားမှာလား ပြော"
ကဲ! ဘယ်လိုလုပ်ရပါ့။ ဒီ ၈ရက်လုံး ကျွန်တော်၅မိနစ်ခြားတစ်ခါ အစားတစ်ခုမဟုတ်တစ်ခုစားနေရသည်။ လွတ်သွားသည့်စာကို ကူးပြီးရုံမျှသာ စာလုပ်ချိန်ပေးသည်။ စာနည်းနည်းလေးကျက်ရုံ၊ တွက်နေရုံဖြင့် ဆရာ့ဆီက တစ်နေ့တစ်မျိုး မရိုးရသည့် စိတ်ပူပုံ စိတ်ပူနည်းတွေကြားေန မြင်နေရသည့်အဖြစ်။ ဒီအတောအတွင်း ဆရာ့အခန်းက ကျွန်တော့်ကိုယ်ပိုင်အခန်းဖြစ်လာခဲ့သည်။
"မင်းနေမကောင်းတဲ့ကြားက စာအုပ်နဲ့ဘောပင် ကိုင်ရတာ တော်တော်ကြိုက်နေပုံပဲ"
"ဆရာ ...ကျွန်တော်အဖျားကျနေပါပြီး ၊ဆရာ ကျွန်တော့်ကို ဘယ်လိုလုပ်ပြီး...ဟူးးးးးး"
ကုတင်ပေါ်မှောက်လျက် စာတွက်နေရင်း ကျွန်တော်ဘာတစ်ခုမှ ထပ်မပြောချင်တော့ပေ။ သက်ပြင်းချရုံမှတစ်ပါး ဆရာပြုသမျှနုရသည့် အဖြစ်။
VOUS LISEZ
အချွဲလေး [Completed]
Roman d'amourဒီficက အဆောင်နေကျောင်းသူဘဝနဲ့ အာသာ စိတ်ကူးပုံဖော်ထားတာတွေ ရောထားတာမလို့ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ရအဆင်ပြေလောက်တဲ့ ficမျိုးပါ