🧡အတိတ်မေ့ ခင်ပွန်း🧡Part 5

7.9K 375 17
                                    

🧡အတိတ်မေ့ ခင်ပွန်း🧡Part 5

ဒီပယံ ဒီတစ်ခါမြင်နေရတာက မှောင်မည်းနေတဲ့အခန်း...... သူ့နှာခေါင်းထဲမှာ သံဂျီးနံ့တွေနဲ့ရောနေတဲ့ သွေးနံ့တွေရနေသည်

သူ သူ့ခြေထောက်များကို ကြည့်မိတော့ သံကြိုးတုပ်ခံထားရသည်

"ဒီကောင်လေးကို ငါတို့ ဘာလုပ်ကြမလဲ...."

"အမိန့်စောင့်လို့ပြောထားတယ်မလား..."

ဒီပယံလူဆိုးတွေ အသံကြားလိုက်ရလို့ မျက်လုံးမှိတ်ထားလိုက်သည်

ထို့နောက် သူဘေးနားကို စမ်းနေရာ ဖန်ကွဲစရှာတွေ့သွား၍ ဖန်ကွဲစနဲ့ ကြိုးကိုဖြတ်တောက်နေသည်

ကလေးဖြစ်၍လားမသိပါ သူ့ကို ခပ်လျော့လျော့သာချည်ထားတာကြောင့် အလွယ်တကူ လွတ်မြောက်ခဲ့သည်

"ဗွမ်း....."

ဒီပယံ သူ့တကယ်လုံး ရေအေးတွေနဲ့စိုစွတ်သွားပီနောက် ဆံပင်ဆောင့်ဆွဲခံလိုက်ရသည်

"ဟေ့ကောင်လေးထစမ်း"

သူ သူ့ရှေ့မှ ရုပ်ဆိုးဆိုးနဲ့လူအား စူးစူးရဲရဲကြည့်လိုက်သည်

"ဟားဟား မြှီးကောင်ပေါက်လေးက မာန်ဖီပြနေတာ ကြည့်စမ်းဟေ့ကောင်..."

ထိုလူဟာ သူ့အဖော်အားရယ်မောပြောဆိုကာပြန်လှည့်လာချိန်တွင်တော့ သူထိုလူရဲ့မျက်လုံးထဲ ဖန်ကွဲစနဲ့ထိုးပစ်လိုက်သည်

"အားးးးး....."

ထိုလူဟာထအော်တော့ နောက်တစ်ယောက်က သေနတ်နဲ့ပစ်ရာ သူ့လက်မောင်းထိသွားသည်

သို့သော် သူတောင့်ခံပြီး ပြေးထွက်ရာ သူ့အနောက်မှကျည်ဆံများလိုက်နေလေသည်

"ဒိုင်း....ဒိုင်းးး....ဒိုင်းး..."

"ခွေးမသားလေး...."

သူအမြန်ပြေးကာလျှောတိုက်ပြီး ကားတာယာအစုတ်တွေနောက်ကို ပုန်းအောင်းမိသည်

သူ့ရဲ့ရင်ဘတ်ဟာ စိတ်လှုပ်ရှားမှုကြောင့် နိမ့်ချည်မြင့်ချည်ဖြစ်နေသည်

သူဒီတိုင်းနေလို့မဖြစ်တာကြောင့် သံဇကာ အဝိုင်းအား အကာအကွယ်အဖြစ်ယူကာ အမြန်ပြေးတက်သွားခဲ့သည်

🧡အတိတ်မေ့ခင်ပွန်း🧡Where stories live. Discover now