Jisoo ကျောင်းတက်ရတာရော အိမ်မှာနေရတာကိုပါမပျော်ရွှင်တော့ပါ။ အိမ်မှာနေလျှင်လည်း မျက်စိတောက်လျှောက်ကြည့်ခံနေရသည့်အပြင် ကျောင်းမှာလည်း Jin တို့အဖွဲ့၏မထိတထိအပြောတွေ၊ သူ့ကိုမြင်ရင် လှောင်ရယ်ချင်နေတဲ့သူတွေကြောင့် Jisoo သွားရမှာမုန်းလာသည်။ အထူးသဖြင့် သူ့ကိုအသားယူလွန်းတဲ့ Jennie ကြောင့်ပါလေ။ သူ့ပေါင်ဟာ Jennie လက်ထားရာနေရာလိုဖြစ်လာသည်မဟုတ်လား။ အဲ့ထက်တော့ ပိုအသားမယူသေးပေမဲ့ Jennie လို အရူးမကပြောမရဘူးလေ။ Jennie နဲ့ဝေးဝေးနေသည်ကသာအကောင်းဆုံးမလား။
ထို့ကြောင့် Jisoo ကျောင်းမတက်ပဲပဲ ကျောင်းအချိန်ကို လေလွင့်ရာလျောက်သွားနေမိသည်။ ဒီလိုသွားတာကလည်း ၃ ရက်ပင်ရှိပြီလေ။ Chae နှင့်သွားခဲ့ဖူးသည့်နေရာတွေကို အဓိကထားပြီးသွားခဲ့တဲ့အတွက် ထိုသို့တစ်ယောက်တည်းသွားတာက အထီးမကျန်သော်လည်း Chae ကို လွမ်းဆွတ်စေသည်။
"ဟင်း..."
Jisoo နာရီကိုကြည့်မိတော့ ကျောင်းပြန်ချိန်ရောက်နေပြီ။ ခါတိုင်းဆို နောက်ကျမှပြန်လည်းရသော်လည်း ကိစ္စတွေဖြစ်ပျက်ပြီးကတည်းက Jisoo က အကျဉ်းကျနေတဲ့သူလိုပဲမလား။ အခုချိန်ထိ သူ့မိဘတွေ သူ့အပေါ်ဒီလောက်တင်းကျပ်သွားတာကို Jisoo နားမလည်နိုင်ပါ။ အခုဆို အိမ်ကညီမကိုတောင်သူက ပြန်ကြောက်နေရသည်အထိပင်ဖြစ်နေပြီ။ အရာရာသူပဲအလျော့ပေးလာရခဲ့သည်မဟုတ်လား။ ထို့ကြောင့် အငယ်ဖြစ်သူက အမှားလုပ်လည်း ကလေးသဘာဝငိုပြလျှင် Jisoo အမှားဖြစ်ရပြီမို့ ဗိုလ်ကျလာသည်။
Jisoo ခြေလှမ်းတွေကလေးပင်စွာနှင့် အိမ်သို့ပြန်ရောက်လာသည်။ အိမ်ပြန်ရောက်တာကို Jisoo မပျော်တော့တာမှန်ပေမဲ့ အခု ပြန်ရောက်တော့ ပိုဆိုးသွားရချေပြီ။
"လာခဲ့ Kim Jisoo"
"အား အား Omma ဘာလုပ်တာလဲ"
အိမ်ခြံအဝရောက်ရောက်ချင်း သူ့ကိုစောင့်ကြိုနေပုံရသည့် သူ့အမေဟာ Jisoo နားရွက်ကိုအားပါပါဆွဲရင်း အိမ်ထဲခေါ်သွားသည်။ အိမ်ထဲရောက်တော့မှ Jisoo အခြေနေကို နားလည်သွားသည်။ အိမ်တွင် Jennie ရောက်နေ၍ပင်။ Jisoo စိတ်ပျက်စွာနှင့် မျက်နှာရှုံ့မဲ့သွားမိသည်။ သူက ဘယ်လိုလုပ်ဒီကိုရောက်လာသည်လဲ။ Jisoo အိမ်ကိုဘယ်လိုသိသည်လဲ စသဖြင့်အတွေးများလည်း ခေါင်းထဲရောက်လာ၏။