[ 3 ]

822 101 5
                                    

မိုးလင်းနေပြီဆိုတဲ့အသိနဲ့အတူ
ဂယူဗင်းအိပ်ရာကနိုးလာသော်လည်း
ကိုက်ခဲနောက်ကျိနေတဲ့ခေါင်းကြောင့်တော်တော်နဲ့မထနိုင်ခဲ့ပေ။

"" ကျစ်.. ""

တစ်ယောက်တည်းညည်းငြူရင်းထထိုင်ဖို့အလုပ်.. ညင်သာစွာနဲ့ဆွဲထူပေးလာတဲ့လက်တစ်စုံရဲ့အကူအညီနဲ့အဆင်ပြေပြေထထိုင်လိုက်နိုင်ပါသည်။

"" မသောက်နိုင်တဲ့အရက်ကိုသောက်ချင်ဦးလေ အခုတော့ခေါင်းကိုက်နေပြီမလား ""

မျက်စိမှိတ်ကာ နားထင်ကိုဖိနေတုန်း ဘေးနားကနေကြားလိုက်ရတဲ့ ယူဂျင်းရဲ့အပြစ်တင်သံ။

စကားလုံးတွေအရသာ အပြစ်တင်တာပါ။
တကယ်တမ်းက သူ့ကိုစိတ်ပူလို့ပြောနေမှန်း
ဂယူဗင်းသေချာပေါက်သိပါသည်။

"" ပွစိပွစိပြောတာတွေရပ်
ငါတကယ်ခေါင်းကိုက်နေတာ..သေမလိုပဲ ""

ပြောပြောဆိုဆိုနဲ့သူ့ကိုယ်ပေါ်လှဲချလာတဲ့
ဂယူဗင်းကို ယူဂျင်း အလိုက်သင့်လေး
ထိန်းပေးထားလိုက်ကာ... နားထင်ကိုဖိနေတဲ့
ဂယူဗင်းလက်ကိုဆွဲဖယ်ရင်းသူ့လက်‌ချောင်းတွေနဲ့ရောယှက်ကာဆုပ်ကိုင်လိုက်တော့သည်။

"" အရမ်းကြီးဖိမနေနဲ့လေ..
ခေါင်းကတော်တော်ကိုက်နေတာလား ""

"" အင်း ""

ဂယူဗင်း ပြန်ဖြေရင်းမျက်လုံးဖွင့်ကြည့်မိတော့ suitအနက်ကိုဝတ်ဆင်ထားပြီး company သွားဖို့ အဆင်သင့်ဖြစ်နေပုံရတဲ့
ယူဂျင်းပုံစံကြောင့် မျက်မှောင်ကျုံ့လျက်ပြောမိသည်။

"" ဘာလဲ မင်းက company သွားတော့မှာလား ""

"" ဒါပေါ့ ကိုကိုကတော့ဒီနေ့မသွားနဲ့
အိမ်မှာပဲနားလိုက် ""

"" မင်းလည်းမသွားလို့မရဘူးလား ""

"" မရဘူး ထယ်ရယ်ဟျောင်းကို
သွားကူပေးရမယ် ""

"" မင်းကငါ့အတွင်းရေးမှူးပါ
ငါ့အနားမှာပဲနေရမှာပေါ့ .. ""

"" ဒါပေမဲ့ ဒီနေ့ ကိုကိုမှအလုပ်မသွားနိုင်တာ
အဲ့‌ဒါကြောင့် ကိုကို့အတွင်းရေးမှူးဖြစ်တဲ့ကျွန်တော်ကကိုကို့အစားအလုပ်သွားလုပ်ပေးရမှာလေ ""

Already Yours Where stories live. Discover now