ဖတ်ပေးပါ {ဖတ္ေပးပါ}

3.5K 62 3
                                    

You're my universe ဆိုတဲ့ fic လေးကို
အရေးအသားပိုင်းရော၊ဇာတ်လမ်းဇာတ်အိမ်ပိုင်းကိုရော ပေါ့ပေါ့ပါးပါးနဲ့ အသွက်ကလေးရေးဖို့ စိတ်ကူးထားပါတယ်။
Fiction ဆိုတဲ့အတိုင်း စိတ်ကူးယဉ်ဇာတ်လမ်းလေးပဲပေါ့နော်…။

ကိုယ့်စာတွေကိုဖတ်တဲ့သူလေးတွေအတွက် message တစ်ခုခု အမြဲတမ်းပေးချင်တဲ့ စေတနာလေး အမောင့်မှာရှိတယ်။
ဒါပေမဲ့ ဒီfic ကလေးက စာဖတ်သူတွေကို message များများပေးနိုင်လိမ့်မယ်လို့ အမောင် မယုံကြည်ပါဘူး။
ဒါပေမဲ့ message မပေးနိုင်ရင်တောင် ဒီစာလေးကိုဖတ်တဲ့အချိန် နေ့စဉ်ဒူဝ စိတ်ညစ်စရာတွေကို ခဏတာ မေ့ပျောက်ပြီး စိတ်လေးချမ်းမြေ့သွားရင်ပဲ ပင်ပန်းရကျိုးနပ်ပါပြီ။

ဒီ fic ကလေးကို ရေးဖို့က အမောင့်အတွက် challenge တော့ နည်းနည်းဖြစ်တယ်ပေါ့…။
ရေးနေကြတဲ့ possessive type ဘက်ကိုလည်း အများနဲ့မတူ တစ်မျိုးလေးကွဲထွက်နေအောင် ရေးချင်တယ်။
Possessive typeဆိုတဲ့အတိုင်း စကားလုံးကြမ်းကြမ်း၊အမူအယာပိုင်စိုးပိုင်နင်းပုံစံတွေတော့ တွေ့ရတတ်ပါလိမ့်မယ်။

နောက်ပြီး ဒီထဲက semeရဲ့ လိင်စိတ်တိမ်းညွတ်မှုက တစ်ခါမှ မကြားဖူးလောက်တဲ့ ပုံစံမျိုးဖြစ်နေနိုင်တယ်။
ဒါပေမဲ့ အဲလို လိင်စိတ်တိမ်းညွတ်မှုက အပြင်မှာလည်း တကယ်ရှိနိုင်ပါတယ်။
ဘယ်လိုလေးလဲဆိုတာတော့ လိုက်ပါစောင့်ကြည့်စေချင်ပါတယ်။

နောက်ပြီး တစ်ခုပြောချင်တာက ဒီ fic လေးက စာရေးသူ(အမောင်)ရဲ့ စိတ်ကူးယဉ်သက်သက်ပဲဖြစ်ပါတယ်။
ပြင်ပလောကနဲ့ စိုးစဉ်းမျှမသက်ဆိုင်သလို မည်သည့်fic၊မည်သည့်အကြောင်းအရာကိုမှ မှီငြမ်းထားခြင်းမရှိပါဘူး။

Update ကတော့ ကြာတတ်ပါတယ်။
တစ်ပတ်တစ်ပိုင်းတော့ ကြိုးစားရေးချင်ပါတယ်။










You're my universe Where stories live. Discover now