🧡အတိတ်မေ့ ခင်ပွန်း🧡Part 6
ပန်ပန် သူမရှေ့မှ ဟင်းရည်မှုတ်ပေးနေတဲ့အမျိုးသားကို ကြည့်မိသည်
ဒီလူဟာ သူမယောကျ်ားပါဘဲ မှန်ပါတယ်
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေတုန်းက ဘာလို့သူမကိုမသိသလိုပြုမူနေခဲ့တာလဲသူမသာ ရူးမနေခဲ့ရင် ဒီလူဟာ သူမကို စွန့်ပစ်ချင်နေတာလို့ အထင်လွဲသွားလောက်သည်
"အာ.....ပါးစပ်ဟ..."
သူမအား ကလေးတစ်ယောက်လိုခွံကျွေးနေတဲ့သူ့ကြောင့် သူမ ပါးစပ်ဟပေးလိုက်ရာ ကြက်စွပ်ပြုတ်အရသာအား သူမအရသာခံမိသည်
"အာ.....ဒယ်ဒီ အာ...."
ထို့နောက် ထင်ထင်လေးကလည်း သူ့ကို ခွံ့ကျွေးဖို့ပြောနေတာကြောင့် သူမပြုံးသွားရသည်
သူမသားအား ကြင်နာစွာ ခွံ့ကျွေးနေတဲ့အမျိုးသားအားကြည့်ရင်း သူမမျက်ရည်တွေဝဲလာရပြန်သည်
ဒီလူဟာ သူမရူးနေစဉ်မှာတောင်ချစ်ပေးခဲ့တဲ့သူဘဲ....
ပန်ပန်တွေးမိတဲ့အတွေးတွေဟာ လွန်ခဲ့တဲ့နှစ်တွေဆီရောက်သွားရသည်
သူမမိဘတွေ သတ်ခံခဲ့ရပြီး သူမချောက်ထဲပြုတ်ကျကာ ရူးသွားခဲ့တုန်းက ၁၃နှစ်သာရှိသေးသည်
ကံကောင်းစွာနဲ့ သူမကို အဘွားရွှေရီက ကယ်တင်ကာ မြေးမလေးအဖြစ်စောင့်ရှောက်ထားခဲ့သည်
သူမ ဒီအမျိုးသားနဲ့တွေ့ခဲ့တာက သူမအသက် 16လောက်မှာဖြစ်မည်ထင်သည်
ထိုနေ့ကလည်း ဒီနေ့လို မိုးရာသီဘဲဖြစ်လောက်မလား.......
သူမရဲ့ ခြံနောက်မှာ ဒီအမျိုးသားကိုတွေ့ခဲ့တာ သူဟာ ကားaccident ဖြစ်ခဲ့ပုံဘဲ သွေးတွေလူးနေတာလုံးဝမြင်မကောင်းပါ
ထိုချိန်က သူမက အသိစိတ်မဲ့နေတော့ ကြောက်ရကောင်းမှန်းမသိဘဲ သူ့နား ကပ်သွားခဲ့သည်
"ကယ်.....ကယ်ပါ..."
ဒီပယံ သူ့နားကပ်လာတဲ့ကောင်မလေးအား ဆွဲကာ ပြောလိုက်ပေမဲ့ သူမက ထွက်ပြေးသွားတာကြောင့် စိတ်ဓာတ်ကျသွားသည်
အေးစက်စက်မိုးရေစက်တွေဟာ သူ့ဒဏ်ရာတွေကို ပိုမိုကိုက်ခဲစေသည်

YOU ARE READING
🧡အတိတ်မေ့ခင်ပွန်း🧡
Romanceစိတ်မနှံ့တဲ့ကိုယ်ဝန်ဆောင် မိန်းကလေးကို ဒီပယံတစ်ယောက် ကယ်တင်ပြီးချိန်မှာ ထူးဆန်းမှုတွေ ကြုံလာခဲ့ရသည် ဒါတွေဟာ တကယ်ဘဲ ထူးဆန်းမှုတွေလား... သူမေ့နေခဲ့တဲ့အတိတ်တွေလား....