#အချွဲလေး
ထိုည ဆရာကျွန်တော်မေးသည်ကိုပြန်မဖြေပါ။ ကျွန်တော့်ကိုကုတင်ေပါ်ပွေ့တင်ပြီး ကျွန်တော့်ခါးကိုတင်းကြပ်စွာဖက်ရင်း
"အိပ်တော့ ...ကျန်းမာရေးထိခိုက်မယ်"တဲ့ ။ ကျွန်တော်တို့နှစ်ယောက်ကြား ပြောစရာစကားအများကြီးရှိနေပေမဲ့ ပုံမှန်ထက်ပို၍ တိတ်ဆိတ်လွန်းနေကြသည်။ ဆရာအဆင်သင့်မဖြစ်သေးတာများလား? ဒါမှမဟုတ် ဆရာက ကျွန်တော့်ကို မလိုချင်တာလား?
အတွေးပေါင်းများစွာဖြင့် ကျွန်တော် အိပ်မပျော်တော့ပါ။ ကျွန်တော့်လိုပဲ ဆရာလည်း.....
"လေသွေး ၊ မင်းခနဆရာ့အခန်းလာလို့ရမလား?"
"....."
"မင်း Examနဲ့ပက်သက်ပြီး ဆရာ အကြံပေးစရာရှိလို့၊ အဖြေလွှာက ဆရာ့အခန်းမှာကျန်နေခဲ့တာ"
"ကျွန်တော်လာခဲ့မယ်ဆရာ၊ အခန်းချင်းကဝေးတာမှမဟုတ်တာ"
အခန်းထဲဝင်ခါနီး ဆရာမျိုးကိုနိုင် ခေါ်တာမို့ ကျွန်တော်ပိုက်ထားသည့်စာအုပ်ကို စာပွဲပေါ်တင်ထားကာ အခန်း(၅)ရှိရာသို့ သွားပါတော့သည်။
"ကျွန်တော်ရောက်ပြီးဆရာ၊ ဆရာသက်ရော မတွေ့ပါလား?"
"ဪ...မင်းတို့ဆရာသက်က မင်းအတွက်ကျောင်းကနေဆင့်ခေါ်ခံရလို့"
"ဗျာ!?"
"မင်းကြည့်ရတာမသိသေးဘူးနဲ့တူတယ်၊ မင်းကိုကျောင်းက အနီးကပ်guideလုပ်ပေးမလို့ မင်းဆရာထိုက်ကိုနှစ်ဝက်
ေဖြပြီးကတည်းက အကြောင်းကြားထားတာ၊ အဆောင်မှာစာသင်စရာမလိုေတာ့ပဲနဲ့ ကျောင်းမှာ အရမ်းတော်တဲ့ဆရာ၊ဆရာမတွေနဲ့သင်ပေးမှာ၊ မနက်၈ညနေ၅အထိ ပြီးရင် မင်းအဆောင်ကိုပြန်လာပြီး ပုံမှန်အတိုင်း စာလုပ်ရုံပဲ""နှစ်ဝက်ဖြေပြီးကတည်းကလား?"
"အင်းလေ၊ ခုတောင် ဘာသာတိုင်း မနှစ်ကထက်စောပြီးတော့ သင်လို့ပြီးကုန်ပြီး၊ မင်းသာကျောင်းမှာ သေချာလေး လေ့ကျင့်ရင် ..."
"ဆရာကျွန်တော့်ကို အဲ့ဒါပဲပြောမလို့လား?"
ကျွန်တော်ခနအတွင်းမှာပင် ေဗြာင်းဆန်သွားမိသည်။ နှစ်ဝက်ဖြေပြီးကတည်းကတဲ့လေ။ ဆရာကျွန်တော့်ကို ဘာတစ်ခုမှအသိမပေးပဲနဲ့။ ဆရာကအမြဲလိုလိုကျွန်တော့်ကို လျှို့ဝှက်ချက်များစွာနဲ့ ထားနေခဲ့တာလား?။
YOU ARE READING
အချွဲလေး [Completed]
Romanceဒီficက အဆောင်နေကျောင်းသူဘဝနဲ့ အာသာ စိတ်ကူးပုံဖော်ထားတာတွေ ရောထားတာမလို့ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ရအဆင်ပြေလောက်တဲ့ ficမျိုးပါ