အခန်း - ၅၁
Lighthouse Of Love 💜 အချစ်မီးပြတိုက်လေး"လောပန်း "
"ဗျာ့"
"လွန်းငယ်ဘဲနှစ်ကောင်မုန့်ရော"
ဧည့်ခန်းမှဥဿာဟာ ခါးထောက်၍ ရေခဲသေတ္တာနှင့် ဘီရိုတွေထဲမွှေနှောက်နေသည့်ခလေးကို ကြည့်ပြီးစဉ်းစားမိသည်။
"အမ်း...ဘဲနှစ်ကောင်မုန့် ခလေးအဲ့တာဘာမုန့်လဲကွ"
"ဟိုတစ်နေ့ကဝယ်လာတဲ့မုန့် ဘဲနှစ်ကောင်မုန့်လေ နှမ်းကပ်ပဲကပ်လေးတွေလေလောပန်းရဲ့"
"ဟာ ခလေးကတော့လုပ်ပြီ အဲ့တာယုန်နှစ်ကောင်ပါကွ"
"ဟွန် ..ဟုတ်လို့လား"
"ဟားဟား.. အဲ့နေ့ကခလေးပဲပြောတယ်လေ ယုန်လေးတွေကမျက်နှာချင်းဆိုင်ထိုင်နေကြတာ သူတို့လေးတွေလဲချစ်သူတွေဖြစ်လောက်တယ်လို့ ခလေးပဲပြောပြီးတော့မေ့သွားပြီလားကွာ"
"ဟုတ်သားပဲ လွန်းငယ်တောင်ယုန်ချစ်တယ်လို့ပြောမိသေးတယ်နော့ ဟီးမေ့သွားတာ ယုန်နှစ်ကောင် ယုန်နှစ်ကောင်"
မှားသွားလို့ရှက်သွားတဲ့ခလေးက ဥဿာကိုအရှက်ပြေ ရယ်ပြသည်။
"ကိုယ့်အခန်းမှာအဲ့မုန့်က ခလေးစားချင်ရင်ကိုယ့်အခန်းရောက်မှစားတော့နော် ဒါလေးထည့်ပြီးရင်အခန်းပြန်ကြမယ် ဟုတ်ပြီလား"
ဥဿာဆီပြေးလာကာ ခါးမှဖက်လိုက်သည့်ခလေးက ဥဿာကိုကပ်ချွဲနေပြန်ပြီဖြစ်သည်။
"တကယ်ကြီးလိုက်နေရမှာလားဟင်"
"အင်းပေါ့"
"အောက်ထပ်မှာဆင်းနေလိုက်လဲဖြစ်တာကို လောပန်းနဲ့အတူနေမှဖြစ်မှာလားလို့"
"ခလေးကိုကိုယ်နဲ့အဝေးမှာမထားပါဘူးလို့ပြောထားသားပဲ"
"အောက်ထပ်ကအဝေးလားလောပန်းရယ်"
"ကိုယ့်ဘေးကအခန်းမှမရရင် ကိုယ့်အခန်းပဲ အဲ့ထက်ဝေးတဲ့နေရာမှာမနေရဘူး ကိုယ်ခွင့်မပြုဘူးနော်ခလေး"
"လောပန်းမာမီက လွန်းငယ်အခန်းမှာရောနေချင်ရဲ့လား တော်ကြာမနေချင်ဘူး တခြားအခန်းမှာနေပါမယ်ဆိုမှ လွန်းငယ်ပြန်ပြောင်းရမှာနော်"
YOU ARE READING
Lighthouse Of Love (Completed)
Romanceအချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်